AI ကုမ္ပဏီ Xnor.ai ကို Apple ဝယ်ယူ

Apple ဟာ ထုတ်ကုန်ပေါ်က artificial intelligence ကျွမ်းကျင်စွာ ထည့်သွင်းနိုင်တဲ့ ဆီယက်တယ်အခြေစိုက် Xnor.ai ကုမ္ပဏီကို ဝယ်ယူလိုက်ပါတယ်။

Apple ဟာ Xnor.ai အတွက် ဒေါ်လာသန်း ၂၀၀ ပေးချေခဲ့ရပါတယ်။ Apple နဲ့ Xnor.ai ကတော့ ဝယ်ယူမှုအတွက် မှတ်ချက်မပေးခဲ့ပါဘူး။ အခုဆိုရင် Xnor.ai ဝက်ဘ်ဆိုက်ဟာ offline ဖြစ်သွားကာ ကုမ္ပဏီရုံးခန်တွေ အပြောင်းအလဲ ဖြစ်ပေါ်နေတယ်လို့ GeekWire ကပြောခဲ့ပါတယ်။

Xnor.ai ရဲ့နည်းပညာက cloud အတွင်းမှာ တွက်ချက်မှုမလုပ်ဘဲ စမတ်ဖုန်းနဲ့ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်တွေအတွင်း deep learning algorithm တွေကို လည်ပတ်အောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ Xnor ဟာ memory load လျှော့ချပေးပြီး စွမ်းအင်တောင်းဆိုမှုနဲ့အတူ အချက်အလက် လုံခြုံမှုကိုလည်း ကတိခံထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Apple အနေနဲ့ တစ်ကိုယ်ရေလုံခြုံရေး အချက်အလက်အပေါ် အလွန်တရာ စိတ်ဝင်စားနေတာကြောင့် AI ကို ကိုင်တွယ်တဲ့ နည်းပညာကုမ္ပဏီကို ဝယ်ယူခဲ့တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ အရင်ကလည်း Apple ဟာ Turi လိုမျိုး အလားတူ AI ကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။

စိုးထက်
Ref: MacRumors