AI ကင်မရာ ၅ လုံးပါဝင်တဲ့ Nova 5T မော်ဒယ်စမတ်ဖုန်းကို Huawei ပြည်တွင်းမှာ မိတ်ဆက်

HUAWEI Consumer Business Group မှ Nova 5T မော်ဒယ်သစ်စမတ်ဖုန်းကို ပြည်တွင်းမှာ စတင် မိတ်ဆက်လိုက်ပါတယ်။ HUAWEI nova 5T ကို Crush Blue ၊ Black နဲ့ Midsummer Purple ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ကာ ဈေးနှုန်းကတော့ ငွေကျပ် ၅၉၉,၀၀၀ နဲ့ စက်တင်ဘာ ၉ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ Pre-Order အနေနဲ့ ကြိုတင်မှာယူထားနိုင်မှာ ဖြစ်တယ်ပါတယ်။ Pre-Order သတ်မှတ်ထားတဲ့အချိန်အတွင်း ဝယ်ယူသူတွေကို Huawei Mini Speaker များ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး HUAWEI nova 5T အား ဝယ်ယူသူတွေအတွက် ထူးခြားချက်အနေဖြင့် CB Bank နဲ့ ပူးပေါင်းမှုပြုလုပ်ကာ အတိုးနှုန်း 0% ဖြင့် ဖုန်းဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

HUAWEI Consumer Business Group (Myanmar) ရဲ့ Marketing Director တစ်ဦးဖြစ်တဲ့ မခင်ရတနာဝင်းက “ဒီ HUAWEI nova 5T ဟာဆိုရင် မိမိတို့ရဲ့ အကောင်းဆုံး ဆိုတဲ့ အမှတ်တရတွေကို ဝေမျှချင်တဲ့သူတွေ၊ မိမိတို့ရဲ့ တစ်နေ့တာ အမှတ်တရတွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှချင်တယ်ဆိုတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဖုန်းမှာ ပါဝင်တဲ့ AI Camera ၅ လုံးနဲ့အတူ ကျော့ရှင်းပြီး လှပတဲ့ဒီဇိုင်းကြောင့် HUAWEI nova 5T သည် အကြောင်းအရာဖန်တီးသူများအား အချိန်နဲ့တစ်ပြေးညီ တီထွင်ဖန်တီးစေနိုင်မှာဖြစ်ပြီး စမတ်ဖုန်းနယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းဘောင်တွေကို ဖြတ်ကျော်စေနိုင်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

HUAWEI Nova 5T မှာ ၆.၂၆ လက်မရှိတဲ့ Punch FullView Display ပါဝင်ပြီး Kirin 980 AI Processor ကို အသုံးပြုထားပါတယ်။ RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု 128GB ပါဝင်ပါတယ်။ ကင်မရာအနေနဲ့ ကျောဘက်မှာ 48MP HD Lens ၊ 16MP wide-angle lens ၊ 2MP macro Lens နဲ့ 2MP Bokeh Lens ကင်မရာ AI လေးလုံး တပ်ဆင်ထားပြီး ရှေ့ဘက် ကင်မရာကတော့ 32MP ultra-clarity အမျိုးအစားဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI Image Stabilization (AIS) ၊ Auto Exposure Lock (AEL) နဲ့ Auto Focus Lock (AFL) ကဲ့သို့သော AI အထောက်အကူပြု ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ နည်းပညာနဲ့ ဗီဒီယိုတည်းဖြတ်ခြင်း လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ်၊ ဂိမ်းကစားတာကို ကောင်းမွန်စေတဲ့ GPU Turbo 3.0 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး Android OS 9.0 ကို အခြေခံထားတဲ့ EMUI 9.1 operating system ကို အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 3750mAh ပါဝင်ပြီး ဘက်ထရီစနစ်အတွက် 22.5W HUAWEI SuperCharge နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။

-ရဲထွဋ်ဝင်း