Advanced Excel သင်တန်း ဖွင့်မည်

Microsoft Excel အခြေခံ တတ်ကျွမ်းပြီးသူတွေအတွက် Advanced Excel သင်တန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Advanced Excel သင်တန်းမှာ Excel ၏ အခြေခံအားဖြင့် အသုံးဝင်တဲ့ နည်းလမ်းတွေအပြင် Formula နှင့် Function များ၊ Worksheet & Workbook Protection၊ Data Integration & Validation၊ PivotTable & Charts၊ Conditional Formatting၊ Custom View၊ Automating Workbook Functionality၊ Printing Tips စတဲ့ သင်ခန်းစာတွေကို ဥပမာများအသုံးပြု သင်ကြားမယ်လို့ သိရပါတယ်။

သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၈ နာရီခွဲမှ ၁၀ နာရီ အထိဖြစ်ပါတယ်။ သင် တန်းကြေးမှာ ၈၀,၀၀၀ ကျပ်ဖြစ်ပြီး ဝန်ထမ်းနှင့် ကျောင်းသား/သူတွေအတွက် သင်တန်းကြေး လျှော့ချပေးသွားမယ်လို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကို THEC မန္တလေး ဖုန်း ၀၉၄၄၂၀၇၆၆၇၇ မှာ ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။

-ကောင်းမြတ်ထွန်း