Advanced Certificate in Sales & Marketing သင်တန်းဖွင့်လှစ်မည်

Sales & Marketing ရာထူးဖြင့် အလုပ်လုပ်ကိုင် လိုသူတွေအတွက် ရည်ရွယ်၍ Advanced Certificate in Sales & Marketing သင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကုမ္ပဏီကြီးတွေ၊ ပြည်တွင်းကုမ္ပဏီတွေမှာ Executive Level, Middle Management Level, Top Management Level များတွင် တာဝန်ထမ်းဆောင်နေကြသူများအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ သင်တန်းတွင် စာတွေ့၊ လက်တွေ့ အတွေ့အကြုံရှိသော ဆရာဦးမြင့်ဇော်မှ သင်ကြားပြသ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကာလအနေနဲ့ ၄ ပတ် ကြာမြင့်မှာဖြစ်ပြီး ကုမ္ပဏီများမှ သင်တန်းသား ၅ ဦးနှင့်အထက် အပ်နှံ့လျင် ၁ ဦး သင်တန်းကြေး ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ WISE College က ကျောင်းသား၊ ကျောင်းသူဟောင်းတွေအတွက်လည်း သင်တန်းကြေး လျှော့ချပေးသွားမယ်လို့ သိရပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ WISE College ဖုန်း ၀၉- ၄၄၀၄၆၃၈၁၉ နဲ့ ၀၉- ၄၄၀၃၇၈၇၈၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ