Advance Survey Training (78/2019) NPT ဖွင့်လှစ်မည်

အဆောက်အဦ၊ လမ်းတံတားနဲ့ မြေတိုင်းထွာမှုအတွက် Advance Survey Training (78/2019) NPT ကို နေပြည်တော်တွင် ဧပြီ ၂၂ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

မြေတိုင်းလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေသူများ၊ မြေတိုင်းလုပ်ငန်းကို စိတ်ပါဝင်စားသူများအတွက် အခြေခံမှစပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်စေဖို့ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို ဧပြီ ၂၂ ရက်မှ မေ ၁၅ ရက်အထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ သင်ခန်းစာတွေကတော့ GPS Basic, Downloading from GPS DATA, Basic Surveying, Introduction to Theodolite, Introduction to Total station, Total Station Insturment Setup, Outdoor Practical Traverving, Outdoor Practical Topographic, Outdoor Practical Stake out, GNSS Static, Introduction to Civil CAD, Mapping With Total DATA စတာတွေဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်ကို Concordia Int’L Co.,Ltd (နေပြည်တော်) ဖုန်း၊၀၉၄၅၆၀၉၈၇၆၆၊ ၀၉၄၃၁၁၅၃၁၉ နဲ့ ၀၆၇၄၂၀၈၁၉ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ