Adorable Home

Adorable Home ဆိုတဲ့ ဂိမ်းကတော့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့အတူ ဆင်ခြေဖုံးက အသစ်ပြောင်းရွှေ့တဲ့ အိမ်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ပရိဘောဂတွေ ထည့်သွင်းခြင်း၊ အိမ်တွင်းအလှဆင်ခြင်း၊ အစရှိတာတွေကို လုပ်ဆောင် ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ထည့်သွင်း ကစားလိုသူတွေအနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 9.0 နဲ့ အထက်မှာ ထည့်သွင်းကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ