Adobe Premiere အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

ရုပ်သံ တည်းဖြတ်ခြင်းကို လေ့လာသင်ယူလိုသူများ၊ အွန်လိုင်းမားကတ်တင်း,ဆိုရှယ်မီဒီယာကို လုပ်ဆောင်နေသူများနဲ့ ဝါသနာရှင်များ တက်ရောက်နိုင်တဲ့ Adobe Premiere အွန်လိုင်း သင်တန်းကို စတင်ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကွန်ပျူတာအခြေခံ ရှိထားသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး Adobe Premiere ရဲ့ အခြေခံ Option တွေ၊ Tool တွေ အကြောင်း၊ Adjustment အသုံးပြုခြင်း၊ Photo Video ဖန်တီးခြင်း၊ Transition အသုံးပြုခြင်း၊ မှတ်တမ်းဗွီဒီယို ဖန်တီးခြင်း၊ အရောင်ချိန်ညှိခြင်း ( Color Correction)၊ Title စာသားများ ထိုးခြင်း၊ Design များကို Photoshop အသုံးပြုဖန်တီးခြင်း၊ Essential Graphic အသုံးပြုခြင်း၊ Sound Effect များ ထည့်ခြင်း၊ Facebook Banner ဖန်တီးခြင်း၊ Product ကြော်ငြာ ဖန်တီးခြင်း၊ ရုပ်ရှင် Trailer များ ဖန်တီးခြင်း၊ Loop Video ဖန်တီးခြင်း၊ Green Screen အသုံးပြုခြင်း၊ Video Clip များကို တိကျစွာ တည်းဖြတ်နိုင်ရန် Time code များဖြင့် တည်းဖြတ်ခြင်း စသည့် Editing နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို ၃ ပတ်ကြာ လေ့လာ သင်ယူရမှာ ဖြစ်ပါတယ်။

သင်ခန်းစာတွေကို တစ်ရက်လျှင် တစ်ခုသာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကြေး ၅၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ အသေးစိတ်ကို CAG ကွန်ပျူတာသင်တန်း ဖုန်း – ၀၉၇၇၂၆၂၅၅၂၆ နဲ့ ၀၉ ၇၆၈၈၁၀၄၁၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။