Adobe Flash သေဆုံးပြီ

Adobe ကတော့ ထုတ်ကုန်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ကာလရှည် အသုံးပြုခဲ့တဲ့ Flash software ကိုဖျက်သိမ်းမယ့် အစီအစဉ် ရှိပါတယ်။

ကုမ္ပဏီက Flash ဖျက်သိမ်းဖို့ နှစ်ပေါင်းများစွာ စီစဉ်ခဲ့ပါတယ်။ အခု ဆိုရင်တော့ Adobe Flash ဟာ အဆုံးသတ်ကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။ Adobe ဟာ ပြီးခဲ့တဲ့ရက်က Flash Player အတွက် နောက်ဆုံး update ကိုဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက်မှာ Flash ထောက်ပံ့မှု အဆုံးသတ်မယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က စတင်ပြီး Flash content တွေကို ပိတ်ပင်ပြီး ကွန်ပျူတာမှာ install လုပ်ထားရင်လည်း ဖယ်ရှားသွားဖို့ အသိပေးပါမယ်။

Flash အဆုံးသတ်ဖို့ နိမိတ်ပြနေတာ နှစ်အနည်းငယ် ကြာမြင့်ပါပြီ။ ၂၀၁၆ ခုနှစ်မှာတော့ Mozilla Firefox နဲ့ Google Chrome က ဝက်ဘ်ဆိုက်မှာ Flash ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် Flash အဆုံးသတ်မယ့် အသံတွေ ပိုကျယ်လောင်နေပါတယ။ ၂၀၁၇ ခုနှစ်မှာတော့ ၂၀၂၀ အကုန်မှာ Adobe Flash ကို ပိတ်သိမ်းပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဟိုးအရင်ကာလတုန်းက Adobe Flash ကတော့ ဝက်ဘ်ဆိုက်အတွက် အရေးပါခဲ့တယ်။ Flash ဟာ ဗီဒီယိုတွေ၊ animation တွေနဲ့ ဂိမ်းတွေအပြင် interactive တွေကို ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းချက် များပြား လွန်းတာကြောင့် ဟက်ကာတွေရဲ့ အသုံးချမှု ခံခဲ့ရပြီး အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

စိုးထက်
Ref: TheNextWeb

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««