Action ကင္မရာနဲ႔ထြက္ရွိလာတဲ့ Motorola One Action

[ Zawgyi ]

ယခုမိတ္ဆက္လိုက္တဲ့ Motorola One Action မွာ Action ကင္မရာ ပါဝင္လာပါတယ္။ Action ကင္မရာေတြဟာ ဒီဂ်စ္တယ္ကင္မရာ အမ်ိဳးအစားေတြထဲက တစ္ခုျဖစ္ၿပီး စမတ္ဖုန္းေခတ္မွာ ေရပန္းစားလ်က္ရွိပါတယ္။ Action ကင္မရာေတြမွာ wide-angle lens ေတြနဲ႔ ဗီဒီယိုေတြကုိ 60fps နဲ႔ မွတ္တမ္းတင္ႏိုင္ပါတယ္။ Action ကင္မရာေတြဟာ ဖုန္းေတြမွာပါဝင္လာရင္ point-and-shoot လမ္းေၾကာင္း ျဖစ္လာႏိုင္ပါတယ္။

Motorola One Action ရဲ႕ေက်ာဘက္ကင္မရာမွာ ၁၁၇ ဒီဂရီ ultrawide angle lens နဲ႔ 1080p/60 ဗီဒီယိုေတြ ႐ို္က္ကူးႏိုင္ပါတယ္။ ဖုန္းရဲ႕ 16MP sensor က 4-in-1pixel ကုိအသုံးျပဳၿပီး အလင္းအားနည္းတဲ့ ေနရာေတြမွာ ဓာတ္ပုံအရည္အေသြးကုိ တုိးတက္ေအာင္ ျပဳလုပ္ေပးကာ အီလက္ထေရာနစ္ image stabilization ကုိ အသုံးျပဳထားပါတယ္။ အဲဒီ sensor ကုိ ေရျပင္ညီထည့္သြင္းထားပါတယ္။ ဓာတ္ပုံနဲ႔ ပုံမွန္ဗီဒီယိုေတြအတြက္ အဓိက ကင္မရာ 12MP ကုိအသုံးျပဳႏိုင္ပါတယ္။ အဲဒီ sensor က 4K ႐ုိက္ကူးေပးႏိုင္ၿပီး 5MP depth sensor လည္း ေက်ာဘက္မွာ ပါဝင္လာပါတယ္။ ဖုန္းရဲ႕ Motorola လိုဂိုကေတာ့ fingerprint reader ျဖစ္ပါတယ္။

Motorola One Action မွာ 21:9 1080p IPS LCD ျဖစ္ၿပီး အရြယ္ ၆.၃ လက္မရွိပါတယ္။ ေရွ႕ကင္မရာကေတာ့ ဖုန္းရဲ႕ဘယ္ဘက္ထိပ္အတြင္းက punch hole မွာ 12MP selfie ကင္မရာကို ထည့္သြင္းထားပါတယ္။ Motorola One Action ကနာမည္လို အၾကမ္းမခံဘဲ အေျခခံေရစိုခံႏိုင္ရည္ IPX2 ပဲရွိပါတယ္။ ဒါေပမဲ့ ဖုန္းကုိ ဝယ္ယူရင္ cover တစ္ခုပါဝင္လာပါမယ္။

Motorola One Action မွာ Android 9.0 Pie အသုံးျပဳထားၿပီး Android One အစီအစဥ္ထဲမွာ ပါဝင္လာပါတယ္။ Motorola One Action မွာ Exynos 9609 chipset နဲ႔အတူ RAM4GB နဲ႔ storage 128GB အသုံးျပဳထားၿပီး microSD ကတ္ေပါက္ ပါဝင္လာပါတယ္။ ဘက္ထရီကေတာ့ 3,500mAh ျဖစ္ၿပီး 10W charger နဲ႔အတူ USB-C ပါဝင္လာပါတယ္။ ဒါ့အျပင္ 3.5mm headphone နားၾကပ္ေပါက္ ပါဝင္ၿပီး ေအာက္ေျခမွာ Dolby Audio နဲ႔အတူ စပီကာပါဝင္လာပါတယ္။ ႏိုင္ငံတခ်ိဳ႕မွာ ေရာင္းခ်မယ့္ထုတ္ကုန္ေတြမွာ headset ပါဝင္လာပါမယ္။

Motorola One Action ကုိေတာ့ ဥေရာပ၊ ဘရာဇီးနဲ႔ မကၠဆီကိုအတြင္း ၾသဂုတ္ ၁၆ ရက္မွာ စတင္ေရာင္းခ်ပါမယ္။ လအနည္းငယ္အၾကာမွာ ဥေရာပႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားနဲ႔ လက္တင္အေမရိကႏိုင္ငံေတြမွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။ Motorola One Action ကို အျပာနဲ႔ အျဖဴ ၂ မ်ိဳးပဲ ထုတ္လုပ္ထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ယခုမိတ်ဆက်လိုက်တဲ့ Motorola One Action မှာ Action ကင်မရာ ပါဝင်လာပါတယ်။ Action ကင်မရာတွေဟာ ဒီဂျစ်တယ်ကင်မရာ အမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး စမတ်ဖုန်းခေတ်မှာ ရေပန်းစားလျက်ရှိပါတယ်။ Action ကင်မရာတွေမှာ wide-angle lens တွေနဲ့ ဗီဒီယိုတွေကို 60fps နဲ့ မှတ်တမ်းတင်နိုင်ပါတယ်။ Action ကင်မရာတွေဟာ ဖုန်းတွေမှာပါဝင်လာရင် point-and-shoot လမ်းကြောင်း ဖြစ်လာနိုင်ပါတယ်။

Motorola One Action ရဲ့ကျောဘက်ကင်မရာမှာ ၁၁၇ ဒီဂရီ ultrawide angle lens နဲ့ 1080p/60 ဗီဒီယိုတွေ ရို်က်ကူးနိုင်ပါတယ်။ ဖုန်းရဲ့ 16MP sensor က 4-in-1pixel ကိုအသုံးပြုပြီး အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံအရည်အသွေးကို တိုးတက်အောင် ပြုလုပ်ပေးကာ အီလက်ထရောနစ် image stabilization ကို အသုံးပြုထားပါတယ်။ အဲဒီ sensor ကို ရေပြင်ညီထည့်သွင်းထားပါတယ်။ ဓာတ်ပုံနဲ့ ပုံမှန်ဗီဒီယိုတွေအတွက် အဓိက ကင်မရာ 12MP ကိုအသုံးပြုနိုင်ပါတယ်။ အဲဒီ sensor က 4K ရိုက်ကူးပေးနိုင်ပြီး 5MP depth sensor လည်း ကျောဘက်မှာ ပါဝင်လာပါတယ်။ ဖုန်းရဲ့ Motorola လိုဂိုကတော့ fingerprint reader ဖြစ်ပါတယ်။

Motorola One Action မှာ 21:9 1080p IPS LCD ဖြစ်ပြီး အရွယ် ၆.၃ လက်မရှိပါတယ်။ ရှေ့ကင်မရာကတော့ ဖုန်းရဲ့ဘယ်ဘက်ထိပ်အတွင်းက punch hole မှာ 12MP selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ Motorola One Action ကနာမည်လို အကြမ်းမခံဘဲ အခြေခံရေစိုခံနိုင်ရည် IPX2 ပဲရှိပါတယ်။ ဒါပေမဲ့ ဖုန်းကို ဝယ်ယူရင် cover တစ်ခုပါဝင်လာပါမယ်။

Motorola One Action မှာ Android 9.0 Pie အသုံးပြုထားပြီး Android One အစီအစဉ်ထဲမှာ ပါဝင်လာပါတယ်။ Motorola One Action မှာ Exynos 9609 chipset နဲ့အတူ RAM4GB နဲ့ storage 128GB အသုံးပြုထားပြီး microSD ကတ်ပေါက် ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 3,500mAh ဖြစ်ပြီး 10W charger နဲ့အတူ USB-C ပါဝင်လာပါတယ်။ ဒါ့အပြင် 3.5mm headphone နားကြပ်ပေါက် ပါဝင်ပြီး အောက်ခြေမှာ Dolby Audio နဲ့အတူ စပီကာပါဝင်လာပါတယ်။ နိုင်ငံတချို့မှာ ရောင်းချမယ့်ထုတ်ကုန်တွေမှာ headset ပါဝင်လာပါမယ်။

Motorola One Action ကိုတော့ ဥရောပ၊ ဘရာဇီးနဲ့ မက္ကဆီကိုအတွင်း သြဂုတ် ၁၆ ရက်မှာ စတင်ရောင်းချပါမယ်။ လအနည်းငယ်အကြာမှာ ဥရောပနိုင်ငံ တော်တော်များများနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ ရောင်းချမယ်လို့ သိရပါတယ်။ Motorola One Action ကို အပြာနဲ့ အဖြူ ၂ မျိုးပဲ ထုတ်လုပ်ထားပါတယ်။

စိုးထက်
Ref: GSMArena