Acer Spin 5 (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၀၁၉၉

အားသာချက်

ပြိုင်ဘက် Laptop မော်ဒယ်တွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်၊ အရောင်အသွေးစိုပြည်တဲ့ Display နဲ့ Stylus ပါဝင်ပြီး Laptop ကိုယ်ထည်ပိုင်း ပေါ့ပါးပါးလွှာမှု ရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပရီမီယံ Laptop တစ်လုံးမှာ ရှိသင့်တဲ့ ကြာချိန်ထက် အနည်းငယ် လျော့နည်းတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Acer Spin 5 က စွမ်းဆောင်ရည်မြင့်မားတဲ့ 2-in-1 အမျိုးအစား ပရီမီယံ Laptop ကို သုံးချင်သူတွေအကြိုက်ဖြစ်မယ့် Laptop တစ်လုံးဖြစ်ပါတယ်။ Stylus ပါဝင်သလို လက်ဗွေလုံခြုံရေးစနစ်တွေ ထောက်ပံ့ပါဝင်တာက နှစ်သက်စရာပါ။ ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ရုပ်ထွက်အရည်အသွေးမြင့်မားကောင်းမွန်တဲ့ Display တွေထောက်ပံ့ပါဝင်တာ က သုံးစွဲသူကို စိတ်တိုင်းကျစေမှာပါ။ ၉ နာရီကြာသုံးနိုင်တဲ့ ဘက်ထရီက တစ်နေ့တာအသုံးပြုမှုအတွက် လုံလောက်မှုရှိတယ်ဆိုရမှာဖြစ်ပေမယ့် ပရီမီယံ Laptop တစ်လုံးမှာ ရှိသင့်တဲ့ ဘက်ထရီကြာချိန် ၉ နာရီနဲ့ ၃၃ မိနစ် ထက်တော့ နည်းတဲ့ ဘက်ထရီကြာချိန် ဖြစ်ပါတယ်။ မိမိအနေနဲ့ ဘက်ထရီ ပိုကြာကြာ သုံးနိုင်တာကို လိုချင်ရင်တော့ ဘက်ထရီနဲ့ ၁၁ နာရီကြာ သုံးနိုင်တဲ့ Yoga C940 က ပိုသင့်တော်မှာပါ။ မိမိအနေနဲ့ ဒီဇိုင်းလှပပြီး Display ပိုင်း ကောင်းမွန်သလို ပေါ့ပါး ပါးလွှာတဲ့ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် ပရီမီယံ Laptop ကို သုံးချင်ရင်၊ All-in-one လုပ်ဆောင်ချက်တွေ လုပ်ချင်ရင်တော့ Acer Spin 5 က ထိပ်တန်းရွေးစရာ Laptop တစ်လုံး ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Acer Spin 5 ရဲ့ ၁၃.၅ လက်မရှိတဲ့ Touchscreen Display က ရုပ်ထွက်အရည်အသွေး 2256x1504p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.6GHz ရှိတဲ့ 10th Gen Intel Core-i7-1035G7 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Plus GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှု ကတော့ 512GB NVMe PCIe M.2 SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိပါတယ်။ 720p Webcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ၄.၁x၃.၁ လက်မရှိတဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ဒီ Laptop မှာ Thunderbolt 3 ပေါက်၊ USB 3.2 ပေါက်၊ HDMI ပေါက်၊ Kensington lock ပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး Stylus စနစ်နဲ့ လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

Acer Spin 5 က မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၀၆ မိနစ်ခန့် အသုံးပြုနိုင်တာက ပုံမှန် mainstream လုပ်ငန်းသုံး Laptop တစ်လုံးရှိသင့်တဲ့ ဘက်ထရီကြာချိန် ၉ နာရီ ၂၅ မိနစ်ထက် ပိုကြာတဲ့ ကြာချိန်လို့ ပြောရမှာပါ။ အလေးချိန်ကတော့ ၁.၁၇ ကီလိုဂရမ် (၂.၆ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: [www.Laptopmag.com]