Acer Spin 3 (Core i7, 2019)

တန်ဖိုး – ကန်ဒေါ်လာ ၈၀၉.၉၉

အားသာချက်

ပြိုင်ဘက်တွေကို အကောင်းဆုံးယှဉ်ပြိုင်နိုင်တဲ့ဈေးနှုန်း၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ ကြည်လင်ပြီး ကျယ်လောင်မှုရှိတဲ့ အသံထွက်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် အချိန်ကြာကြာ လုပ်ငန်းဆောင်တာတွေကို Laptop ကိုယ်ထည် ပူနွေးမှု မရှိဘဲ ကောင်းကောင်း လုပ်ကိုင်နိုင်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကတော့ ပုံမှန်ရှိသင့်တာထက် နည်းတယ်လို့ မြင်ပါတယ်။ Display က အနည်းငယ် မှိန်တယ်လို့ ခံစားရသလို USB Type-C ပေါက်တော့ မပါဝင်ပါဘူး။

သုံးသပ်ချက်

Acer Spin 3 (2019) Laptop က သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပိုင်ဆိုင်တဲ့ Laptop တစ်လုံးပဲဖြစ်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ် ပါဝင်ပြီး စွမ်းဆောင်ရည်မြင့်မားကာ တုံ့ပြန်မှုကောင်းမွန်တဲ့ Touch-screen Display အသုံးပြုထားတဲ့ 2-in-1 အမျိုးအစား Laptop ဆိုရင်လည်း မမှားပါဘူး။ အသံထွက်ပိုင်းကောင်းမွန်တဲ့ ရှေ့ဘက်စပီကာတွေပါဝင်သလို touch-pen စနစ်လည်း ထောက်ပံ့ပါဝင်တာတွေက သူ့ရဲ့ဈေးနဲ့ဆိုရင်တော့ သုံးရတာတန်တယ်လို့ ခံစားရမှာပါ။ ဒါပေမဲ့ ဘက်ထရီနဲ့အသုံးပြုနိုင်မှုကတော့ 2-in-1 Ultrabook တစ်လုံးရဲ့ ကြာချိန်ရဲ့ အောက်မှာရှိတာနဲ့ မြင်ကွင်းရဲ့ ကာလာရုပ်ထွက်ပိုင်း အနည်းငယ် မြင့်မားမှုရှိရင်တော့ ပိုကောင်းမယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဒီအားနည်းချက်က အဆင်ပြေတယ်ဆိုရင်တော့ စွမ်းဆောင်ရည်မြင့်မားပြီး ဘက်စုံအသုံးပြုနိုင်တဲ့ Acer Spin 3 က ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအကျယ်ကတော့ ၁၄ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 1920x1080p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အမြန်နှုန်း 1.8GHz ရှိတဲ့ 8th Gen Intel Core i7-8565U CPU ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 512 GB SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်း အနေနဲ့ Intel UHD 620 GPU ထောက်ပံ့ပါဝင်ပါတယ်။ ၄.၁x၂.၆ လက်မအ ရွယ်အစား Touchpad ပါဝင်ပြီး Webcam ကတော့ 720p အမျိုးအစားဖြစ်ပါတယ်။ WiFi 802.11ax၊ Bluetooth 5.0 ထောက်ပံ့ပါဝင်ပါတယ်။ HDMI ပေါက်၊ USB 3.1 ပေါက်၊ USB Type-C ပေါက်၊ Thunderbolt 3 ပေါက် microSD ကတ်ပေါက်နဲ့ USB Type-C hub ပေါက်တွေ ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ပြီး အင်တာနက် အသုံးပြုမှုကို ဘက်ထရီနဲ့ ၇ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပေမယ့် 2-in-1 Laptop တစ်လုံးရဲ့ ပုံမှန်အသုံးပြုမှုက ကြာချိန်က ၈ နာရီနဲ့ ၁၉ မိနစ် ဝန်းကျင်လောက် ဖြစ်တဲ့အတွက် ရှိသင့်တဲ့ ကြာချိန်နဲ့ဆိုရင်တော့ နည်းတယ်လို့ဆိုရမှာ ဖြစ်ပါ တယ်။ အလေးချိန် ကတော့ ၁.၆၉ ကီလိုဂရမ် ( ၃.၇၄ ပေါင်) ရှိပါတယ်။

– ရဲထွဋ်ဝင်း
Ref: www.laptopmag.com