Acer ConveptD 3 Ezel

ဈေးနှုန်း – ကန်ဒေါ်လာ ၁၄၉၉

အားသာချက်

စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်စနစ်ပိုင်း ကောင်းမွန်သလို ဆွဲဆောင်မှုအပြည့်ရှိတဲ 2-in-1 ဒီဇိုင်း၊ တောက်ပမှုရှိတဲ့ Display ၊ ပြည့်ဝတဲ့ ဘက်ထရီစွမ်းဆောင်ရည်၊ အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်နဲ့ စုံလင်တဲ့ port တွေပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

စပီကာပိုင်းက အရမ်းကောင်းတယ်လို့ မခံစားရတာနဲ့ Display က ကာလာပိုင်းပိုမိုစုံလင်မှု ရှိရင် ပိုကောင်းမယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Good Design Award 2020 ရထားတဲ့ ဒီ Acer ConceptD 3 Ezel က Laptop တစ်လုံးအနေနဲ့ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ဆိုရမှာပါ။ Geekbench 5.0 overall စွမ်းဆောင်ရည်ရမှတ် ၅၄၉၅ ရှိပြီး ဒီရမှတ်က ပရီမီယံ Laptop တစ်လုံးရဲ့ ပျှမ်းမျှရှိသင့်တဲ့ ရမှတ် ၄၀၅၃ ထက် မြင့်မားတဲ့ ရမှတ်လို့ ဆိုရမှာပါ။ တောက်ပတဲ့ Display ၊ အသုံးပြုရတာကောင်းမွန်တဲ့ ကီးဘုတ်နဲ့ အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီတွေက 2-in-1 အမျိုးအစား Laptop တစ်လုံးအတွက် နှစ်သက်စရာ ကောင်းလှပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Display ကာလာပိုင်းပိုမိုစိုပြည်ကောင်းမွန်တာနဲ့ အသံထွက်ပိုင်း ကောင်းမွန်တာဆိုရင်တော့ သူ့ထက် ဈေးပိုသက်သာတဲ့ Asus ROG Zephyrus G14 ကို ပိုရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Zephyrus G14 မှာ ကာလာပိုင်းကောင်းမွန်တဲ့ 120Hz Display ၊ ၁၁ နာရီခွဲကြာ သုံးနိုင်တဲ့ ဘက်ထရီစနစ်၊ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ GPU စနစ်တွေ ထောက်ပံ့ပါဝင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ဒီဇိုင်းလှပပြီး 2-in-1 အနေနဲ့ အသုံးပြုနိုင်တဲ့ Laptop ကို အသုံးပြုချင်တယ် ဒါမှမဟုတ် Stylus နဲ့ ခပ်လန်းလန်းလေး သုံးနိုင်တဲ့ Laptop ကို လိုချင်တယ်ဆိုရင်တော့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီပိုင်း ကျေနပ်စရာကောင်းလှတဲ့ Acer ConceptD 3 Ezel က ထိပ်တန်းရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Acer Conceptd 3 Ezel ရဲ့ ၁၄ လက်မရှိတဲ့ Touchscreen Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core i7-10750H processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce GTX 1650 Max-Q GPU (4GB VRAM) ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD ကို ထည့်သွင်းထားပါတယ်။ စပီကာရဲ့ အသံထွက်ပိုင်းက ကျယ်လောင်မှု ရှိပေမယ့် ဘေ့စ်သံထွက်ပိုင်းက သိပ်အားမရဘူးလို့ ဆိုရမှာဖြစ်ပြီး သင့်အနေနဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စပီကာစနစ် ပါဝင်တဲ့ Laptop ကို သုံးချင်တယ်ဆိုရင်တော့ ဒီ Laptop က သင့်အတွက်မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ 720p HD Webcam ကလည်း အဆင်ပြေလှပါတယ်။ Chiclet-style ကီးဘုတ်က အသုံးပြုရတာ အထူးကောင်းမွန်သလို ၄.၉x၃.၃ လက်မ ရှိတဲ့ Touchpad က ကြီးမားသလို တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB 3.1 Type-A ပေါက်၊ Thunderbolt 3 ပေါက်၊ Kensington lock ပေါက်၊ Mini Display ပေါက်၊ microSD ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ပါဝင်ပြီး ခလုတ်နှစ်ခုပါတွင်တဲ့ Stylus ကိုတော့ Laptop ရဲ့ ရှေ့ဘက်ဘောင်အတွင်းမှာ ထည့်သွင်းတာဖြစ်ပါတယ်။ Stylus ရဲ့ခလုတ်တွေကို အမှားပြင်ဖို့အတွက် ဖျက်တာတွေနဲ့ မောက်စ်ညာစနစ်တွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Acer ConceptD 3 Ezel ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၅၇ မိနစ်ခန့် အသုံးပြုနိုင်တာက သဘောကျစရာပါ။ ဘက်ထရီစနစ်က ပရီမီယံ Laptop တစ်လုံးရဲ့ ရှိသင့်တဲ့ ပျှမ်းမျှကြာချိန်နီးပါး ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အလေးချိန်ကတော့ ၁.၇ ကီလိုဂရမ် (၃.၈၁ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««