Acer Chromebook 714

ဈေးနှုန်း – ကန်ဒေါ်လာ ၆၄၉

အားသာချက်

ပြိုင်ဘက်ကင်းလက်ဗွေစနစ်၊ Multitaskers ကောင်းမွန်တဲ့ Laptop စွမ်းဆောင်ရည်၊ အလူမီနီယံကိုယ်ထည်ရဲ့ စစ်တပ်သုံးအကြမ်းခံနိုင်မှုနဲ့ အဆင်ပြေလှတဲ့ ကီးဘုတ်စနစ်တွေပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

Display က အနည်းငယ်မှိန်တယ်လို့ ခံစားရတာနဲ့ စပီကာပိုင်းက သိပ်အားမရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

သုံးသပ်ချက်

Acer Chromebook 714 က ပါးလွှာပြီး အကြမ်းခံနိုင်တဲ့ ကိုယ်ထည်က ဆွဲဆောင်မှုရှိသလို ခရီးသွားအနေနဲ့ အသုံးပြုဖို့အတွက် အထူးသင့်တော်မှုရှိတဲ့ Laptop တစ်လုံးလို့ဆိုရမှာပါ။ လက်ဗွေစနစ်ကလည်း ထူးခြားသလို စွမ်းဆောင်ရည်ပိုင်းနဲ့ ဘက်ထရီပိုင်းကလည်း နှစ်သက်စရာပါ။ 1080p Display က ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အနည်းငယ် မှိန်တယ်လို့ခံစားရတာနဲ့ အသံထွက်ပိုင်းက ဒီထက် ပိုကောင်းမယ်ဆိုရင်တော့ ပိုပြီးကျေနပ်ကောင်းမယ်လို့ မြင်ပါတယ်။ မိမိက အွန်လိုင်းဆိုင်ရာလုပ်ငန်းတွေကို လုပ်ကိုင်တယ် ဒါမှမဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများစွာကို အကောင်းဆုံးဖန်တီးမှုတွေကို ပြုလုပ်ချင်သူဆိုရင်တော့ Acer Chromebook 714 က ရွေးချယ်စရာတွေထဲက တစ်ခုလို့ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920x1080p ထောက်ပံ့နိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.2GHz ရှိတဲ့ Intel Core i3-8130U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel HD Graphic 620 ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB SSD တွေ ပါဝင်ပါတယ်။ အသံထွက်ပိုင်းက ထူးခြားကောင်းမွန်ပြီး ကျယ်လောင်မှုလည်းရှိတာ ကျေနပ်စရာပါ။ 720p HD Webcam ကို တပ်ဆင်ထားတာဖြစ်ပြီး Touchpad ရဲ့ sensitivity က လည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ Wi-Fi 802.11ac, Bluetooth 4.2, USB 3.1 ပေါက်၊ Type-C ပေါက်၊ microSD ကတ်ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပြီး လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီ ၅ မိနစ်ခန့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄၉ ကီလိုဂရမ် (၃.၃ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.Laptopmag.com