Acer Aspire 5 (Core i3, 2019)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၃၄၉.၉၉

အားသာခ်က္

သင့္တင့္မွ်တတဲ့ ေစ်းႏႈန္းနဲ႔ ျမင့္မားတဲ့စြမ္းေဆာင္ရည္၊ ေတာက္ပတဲ့ 1080p Display က စိတ္ေက်နပ္စရာ ေကာင္းသလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ေစ်းႏႈန္းသက္သာေအာင္ ဂရပ္ဖစ္ပိုင္းကေတာ့ build-in အေနနဲ႔ပဲ အသုံးျပဳထားတာေတြ႔ရပါတယ္။ သီးသန္႔ဂရပ္ဖစ္ကတ္ သက္သက္ မပါတာက အားနည္းခ်က္လို႔ဆိုရမွာပါ။

သုံးသပ္ခ်က္

ေစ်းႏႈန္းသက္သက္သာသာနဲ႔ ဘက္ထရီၾကာၾကာခံတဲ့ ဘတ္ဂ်က္ Laptop သုံးခ်င္သူေတြ အတြက္ ဒီ Acer Aspire 5 (Core i3, 2019) ကို ေရြးခ်ယ္သင့္ပါတယ္။ ၁၅.၆ လက္မ Display က 1080p အထိ ေထာက္ပံ့ေပးႏုိင္တဲ့အတြက္ မာတီမီဒီယာႏွစ္သက္သူေတြ အႀကိဳက္ေတြ႕မွာျဖစ္သလို Core i3 နဲ႔ SSD စနစ္ေတြက ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္နဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

ျမင္ကြင္းအက်ယ္ကေတာ့ ၁၅.၆ လက္မရွိၿပီး ႐ုပ္ထြက္အရည္အေသြးကို 1920x1080p အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ 8th Gen Intel Core i3-8145U CPU ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 128GB SSD ကို တပ္ဆင္ထားပါတယ္။ ဂရပ္ဖစ္ပိုင္း အေနနဲ႔ Intel UHD Graphics 620 ေထာက္ပံ့ပါ၀င္ပါတယ္။ ၄.၂x၃ လက္မ အရြယ္အစား Touchpad ပါ၀င္ၿပီး Bluetooth 5.0 ေထာက္ပံ့ပါ၀င္ပါတယ္။ HDMI ေပါက္၊ USB Type C, USB 3.1 နဲ႔ USB 2.0 ေပါက္ေတြ ပါ၀င္ပါတယ္။

Display ရဲ႕ ေတာက္ပမႈႏႈန္း 150 nits နဲ႔ WiFi ခ်ိတ္ထားၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၅၁ မိနစ္ ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၇ ကီလိုဂရမ္ (၃.၇ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

– ရဲထြဋ္၀င္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၃၄၉.၉၉

အားသာချက်

သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်၊ တောက်ပတဲ့ 1080p Display က စိတ်ကျေနပ်စရာ ကောင်းသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

စျေးနှုန်းသက်သာအောင် ဂရပ်ဖစ်ပိုင်းကတော့ build-in အနေနဲ့ပဲ အသုံးပြုထားတာတွေ့ရပါတယ်။ သီးသန့်ဂရပ်ဖစ်ကတ် သက်သက် မပါတာက အားနည်းချက်လို့ဆိုရမှာပါ။

သုံးသပ်ချက်

စျေးနှုန်းသက်သက်သာသာနဲ့ ဘက်ထရီကြာကြာခံတဲ့ ဘတ်ဂျက် Laptop သုံးချင်သူတွေ အတွက် ဒီ Acer Aspire 5 (Core i3, 2019) ကို ရွေးချယ်သင့်ပါတယ်။ ၁၅.၆ လက်မ Display က 1080p အထိ ထောက်ပံ့ပေးနိုင်တဲ့အတွက် မာတီမီဒီယာနှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို Core i3 နဲ့ SSD စနစ်တွေက မြန်ဆန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအကျယ်ကတော့ ၁၅.၆ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 1920x1080p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ 8th Gen Intel Core i3-8145U CPU ကို အသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်း အနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ပါ၀င်ပါတယ်။ ၄.၂x၃ လက်မ အရွယ်အစား Touchpad ပါ၀င်ပြီး Bluetooth 5.0 ထောက်ပံ့ပါ၀င်ပါတယ်။ HDMI ပေါက်၊ USB Type C, USB 3.1 နဲ့ USB 2.0 ပေါက်တွေ ပါ၀င်ပါတယ်။

Display ရဲ့ တောက်ပမှုနှုန်း 150 nits နဲ့ WiFi ချိတ်ထားပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၅၁ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၇ ကီလိုဂရမ် (၃.၇ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း
Ref: www.laptopmag.com