Account တွေကို ကာကွယ်ပေးမယ့် two-factor authentication ကို Instagram မိတ်ဆက်

Phishing နဲ့ ထပ်ခါ တလဲလဲအသုံးပြုတဲ့ password တွေကြောင့် account တွေ hack ခံရတာကို ကာကွယ်ပေးမယ့် two-factor authentication ကို Instagram က မိတ်ဆက်ပေးလိုက်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ profile ရဲ့ညာဘက်ထိပ်က Settings icon ကိုနှိပ်ပြီး two-factor authentication ကို enable လုပ်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။ Enable လုပ်လိုက်တဲ့အခါမှာ သုံးစွဲသူရဲ့ ဖုန်းဆီကို ဂဏန်း ၆ လုံးပါတဲ့ code တစ်ခု ပေးပို့မှာဖြစ်ပါတယ်။ အဲ့ဒီ ဂဏန်း ၆ လုံး security code ဟာ Instagram ကို log in လုပ်တိုင်း လိုအပ်မှာဖြစ်ပါတယ်။

Instagram နည်းတူ Facebook, Twitter, Google နဲ့ အခြားဝန်ဆောင်မှုတွေကလည်း two-factor verification ကို အသုံးပြုကြပါတယ်။

Ref: TheGuardian