Account မလိုဘဲ Netflix မှာကြည့်နိုင်မယ့် ရုပ်ရှင်နဲ့ စီးရီးများ

အခုဆိုရင် Netflix ရဲ့ content တွေကို account မလိုဘဲ ကြည့်နိုင်ပါတော့မယ်။ အရင်တုန်းကဆိုရင် Netflix မှာ ရုပ်ရှင်တွေ ကြည့်ဖို့ အခမဲ့ အသုံးပြုခွင့် တစ်လရရှိဖို့ sign up လုပ်ရပါတယ်။

Netflix ရဲ့ account မလိုဘဲ ကြည့်နိုင်တဲ့ အစီအစဉ်အသစ်ကြောင့် Stranger Things နဲ့ Bird box တို့ကို ကြည့်နိုင်ပါတယ်။ Account မလိုဘဲ ကြည့်နိုင်တဲ့ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တီဗီအစီအစဉ်ဆိုရင် ပထမပိုင်းတစ်ပိုင်းတည်း ကြည့်နိုင်ပါတယ်။

Android ဖုန်းမှာ browser ဒါမှမဟုတ် desktop မှာ browser အသုံးပြုပြီး https://www.netflix.com/mm/watch-free ဒီစာမျက်နှာကို ဝင်ရောက်လည်ပတ်ကာ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေ တိုက်ရိုက်ကြည့်နိုင်ပါတယ်။ ဖုန်း ဒါမှမဟုတ် စမတ်တီဗီပေါ်က Netflix app တွေမှာတော့ အခုလုပ်ဆောင်ချက် မပါဝင်ပါဘူး။

အခမဲ့ကြည့်နိုင်တဲ့ တီဗီအစီအစဉ်များ

  • Stranger Things
  • Elite
  • Boss Baby
  • When They See Us
  • Love is Blind
  • Our Planet
  • Grace and Frankie

အခမဲ့ကြည့်နိုင်တဲ့ ရုပ်ရှင်များ

  • Murder Mystery
  • Bird Box
  • The Two Popes

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««