access provider

တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုထံ အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးသည့် မည်သည့် အဖွဲ့အစည်းကိုမဆို access provider ဟုခေါ်ဆိုသည်။

Access provider များတွင် ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ Internet access providers (ISPs) နှင့် online service providers (OSPs) တို့ဖြစ်သည်။ ISP များသည် အမေရိကန်တွင် AT&T, Sprint, MCI စသည့် ကုမ္ပဏီများထံ မြန်နှုန်းမြင့် ချိတ်ဆက်မှုပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖြစ်နိုင်သည်။ ထို့အပြင် ၎င်းတို့သည် နိုင်ငံသား သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများက ပိုင်ဆိုင်သည့် AT&T ၏ WorldNet သို့မဟုတ် IBM ၏ Global Services ကဲ့သို့သော ကိုယ်ပိုင် ကွန်ရက်များ ဖြစ်နိုင်သည်။ အွန်လိုင်း ဝန်ဆောင်မှုများဟု ခေါ်ဆိုကြသည့် OSP များသည် ကိုယ်ပိုင် ကွန်ရက်များရှိသော်လည်း အပိုဆောင်း အချက်အလက် ဝန်ဆောင်မှုများကို လစဉ်ကြေးသုံးစွဲသူများထံသာ ထောက်ပံ့ပေးသည်။ America Online သည် အအောင်မြင်ဆုံး OSP တစ်ခုဖြစ်သည်။

အမေရိကန် access provider တစ်ခု၏ ပုံမှန် အင်တာနက်သုံးစွဲခမှာ တစ်ဦးတစ်ယောက် သုံးစွဲသူအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ၃၀ အထိ ရှိသည်။ ကျသင့်ငွေသည် စာချုပ်နှင့် သုံးစွဲသည့် ပမာဏအပေါ်တွင် မူတည်သည်။ သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်သုံးစွဲပါက နာရီအလိုက် အပိုဆောင်း ကျသင့်ငွေ ပေးဆောင်ရမည် ဖြစ်သည်။

Microsoft ၏ Windows စနစ်များတွင် PC သုံးစွဲသူများထံ Microsoft Internet ဝန်ဆောင်မှုအပြင် America Online, IBM နှင့် အခြား ဝန်ဆောင်မှုအချို့ကို ထောက်ပံ့ပေးထားသည်။