ACASIS USB Video Capture Device

Online Streamers တွေအသုံးပြုဖို့ သင့်တော်တဲ့ ACASIS အမှတ်တံဆိပ် USB Video Capture Device ဖြစ်ပါတယ်။ မိုဘိုင်းဂိမ်းကို stream လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် PlayStation, X-Box စတဲ့ console တွေကနေ ရုပ်ထွက်ကို ဖမ်းယူပြီး stream ပြုလုပ်ဖို့အခါမှာပဲ ဖြစ်ဖြစ် အသုံးပြုဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုကင်မရာတွေကိုပါ ချိတ်ဆက်ပြီး ကင်မရာရုပ်ထွက်ကို PC ကို တိုက်ရိုက် ပို့လွှတ်နိုင်မှာဖြစ်ပါတယ်။ Live လွှင့်တာနဲ့ meeting record ယူတာမျိုးတွေလို ကင်မရာကို အသေထောင်ထားရတဲ့ ရိုက်ကူးရေးတွေမှာ ပိုမို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ USB 3.0 high speed interface နဲ့ output ထွက်ရှိတဲ့အတွက် Video Quality ကို original ရုပ်ထွက်အတိုင်း Delay မရှိစေဘဲ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ချိတ်ဆက်ဖို့အတွက် HDMI နှစ်ပေါက် နဲ့ USB Type-C တစ်ပေါက် ပါဝင်ပါတယ်။ PC နဲ့ချိတ်ဆက်ဖို့ အတွက် HDMI Cable နဲ့ Type – C ကြိုးတစ်ချောင်း ထည့်သွင်းပေးထားပါတယ်။ HDMI video input အနေနဲ့ 1080P/60Hz HDMI HD interface ; HDMI audio input: LPCM audio signal HDMI , input format အနေနဲ့ HDMI 1.4A compliant, up to 1080P/60Hz 8-bit ,(RGB, YUV) Video sampling rate: HDMI: 165MHz စတာတွေ စွမ်းဆောင်နိုင်ပြီး Plug to Play စနစ်နဲ့ လွယ်ကူစွာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

တန်ဖိုးက ၁၂၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««