A6X Processor

techanical.jpg

A6X လို့ခေါ်တဲ့ A6 “Extreme” ပရိုဆက်ဆာဆိုတာကတော့ စတုတ္ထမျိုးဆက် iPad မှာအသုံးပြုထားတဲ့ Apple ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်မိုဘိုင်း chipset ဖြစ်ပါတယ်။ ၎င်းဟာ A5X ပရိုဆက်ဆာထက် နှစ်ဆ ပိုမိုစွမ်းဆောင်နိုင်ပါတယ်။ ARM core များကိုအသုံးပြုထားပြီး

custom SoC (system on a chip) ဖြစ်တဲ့အဆိုပါ chipset သစ်ဟာ CPU ရဲ့စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုသလို ဂရပ်ဖစ်စွမ်းဆောင်ရည်ကိုလည်း နှစ်ဆပိုမိုစေပါတယ်။ A6X ပရိုဆက်ဆာဟာ A5X ချစ်ပ်ထက် CPU နဲ့ဂရပ်ဖစ်စွမ်းဆောင်ရည်ကို နှစ်ဆပိုမိုစေတယ်လို့ Apple ကုမ္ပဏီကဆိုပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် 1.4GHz dual-core A6X  ဟာ 1.0GHz dual-core A9 ကိုအခြေခံထားတဲ့ A5X ထက် အချက်အလက်လုပ်ဆောင်မှု နှစ်ဆပိုမိုတာဖြစ်ပါတယ်။ GPU အနေနဲ့ PowerVR
SGX554 MP4 ကိုအသုံးပြုထားပြီး ၎င်းဟာ A5X မှာပါဝင်တဲ့ PowerVR SGX 543MP4 ထက် စွမ်းဆောင်ရည်နှစ်ဆပိုမိုပါတယ်။ iPad 3 မှာအသုံးပြုခဲ့တဲ့ A5X &JU clock speed ဟာ 1GHz သာရှိပေမယ့် A6X ရဲ့ CPU core များရဲ့ clock speed ကတော့ 1.5GHz ရှိတယ်လို့ဆိုပါတယ်။ GPU အပိုင်းမှာတော့အနည်းငယ်ကွဲပြားပါတယ်။ Apple ဟာ A5X မှာ SGX543 GPU core လေးခုကို အသုံးပြုထားတဲ့အတွက် ၎င်းဟာ SGX543 GPU core နှစ်ခုပါဝင်တဲ့ A5 ထက် နှစ်ဆပိုမြန်တယ်လို့ ဆိုပါတယ်။ A6X မှာတော့ SGX554 GPU core လေးခုကိုအသုံးပြုထားပြီး ၎င်းဟာ 2040×1532 pixel Retina display ကိုပါလုပ်ဆောင်ရန် လိုအပ်တဲ့အတွက် ဂရပ်ဖစ်စွမ်းဆောင်ရည်မြှင့်တင်မှုကို အထောက်အပံ့မပေးနိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ Apple ကတော့ A6X ဟာ နှစ်ဆပိုမြန်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် 32nm နည်းပညာနဲ့ပြုလုပ်ထားတဲ့ A6X 45nm နည်းပညာနဲ့ပြုလုပ်ထားတဲ့ A5X ထက် စွမ်းအင်သုံးစွဲမှု ပိုမိုနည်းပါးတဲ့အပြင် iPad ရဲ့အထူနဲ့ အလေးချိန်ကိုလည်း လျော့ပါးစေပါတယ်။

ရေးသားသူ – ကိုသက်