A52 နဲ့ ကင်မရာ ၄ လုံးအထိပါဝင်တဲ့ A72 တို့ကို Oppo ထုတ်ဖော်ပြသ

Oppo ဟာ ဥရောပဈေးကွက်အတွက် A52 အပြင် A72 ကိုလည်း ဖြန့်ချိမှာ ဖြစ်ပါတယ်။ Oppo A52 ကိုတော့ တရုတ်နိုင်ငံမှာ ယွမ် ၁,၆၀၀ (ယူရို ၂၁၀ နီးပါး) နဲ့ရောင်းချနေပါတယ်။ Oppo A52 နဲ့ A72 တို့ကို ဘယ်အချိန်မှာ ရောင်းချမလဲဆိုတာ မသိသေးပါဘူး။

     

Oppo A52 နဲ့ A72 တို့ရဲ့ မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မစီ ရှိကာ ရုပ်ထွက်အရည်အသွေးကလည်း 1080p+ (LCD အသုံးပြုနိုင်) ပဲဖြစ်ပါတယ်။ Snapdragon 665 chipset နဲ့အတူ RAM 4GB ပါဝင်ပြီး ကျောဘက်မှာ ကင်မရာ ၄ လုံးနဲ့ ဘေးဘက်မှာ fingerprint reader နဲ့အတူ 3.5mm နားကြပ်ပေါက် ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 5,000mAh ဖြစ်ကာ 18W အားသွင်းမြန်ဆန်စနစ်ကို အသုံးပြုထားပါတယ်။

Oppo A72 ရဲ့ကင်မရာကတော့ ပိုမိုကောင်းမွန်ပါတယ်။ အဓိကင်မရာ 48MP sensor (A52 ရဲ့အဓိက ကင်မရာ 12MP) နဲ့ ရှေ့ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ အခြားအစိတ်အပိုင်းတွေက A52 နဲ့တူညီပြီး 8MP ultrawide ကင်မရာ၊ 2MP macro နဲ့ 2MP depth sensor တို့ပါဝင်လာပါတယ်။

A72 ရဲ့ storage ကတော့ ပိုမိုများပြားပြီး 128GB ဖြစ်ကာ microSD ကတ်ပေါက် ပါဝင်လာပါတယ်။ Android 10 အခြေခံ Color OS 7.1 ကိုအသုံးပြုထားပါတယ်။

စိုးထက်
Ref: GSMArena