ပရော်ဖက်ရှင်နယ် ကင်မရာသမားများအတွက် Pansonic ၏ ပထမဆုံး 4K camcorder များ

10891666_10152640885442825_1915524985999567984_n.jpg

Panasonic သည် ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်း ကင်မရာသမားများအတွက် ရည်ရွယ်၍ 4K camcorder များကို CES 2015 တွင် မိတ်ဆက်ပြသခဲ့သည်။

Panasonic သည် လက်ဖဝါးအရွယ်သာရှိသော WX970 နှင့် WX870 4K camcorder များကို ထုတ်ဖော် ပြသခဲ့သည်။ ၎င်း camcorder များသည် အလွန်ကြည်လင်ပြတ်သားသည့် 4K ဗီဒီယိုများကို 5-axis hybrid optical image stabilization နှင့် 20x optical zoom ဖြင့် ရိုက်ကူးစေနိုင်မည် ဖြစ်သည်။ ထို့အပြင် Wi-Fi နှင့် NFC ကဲ့သို့ အဓိက ချိတ်ဆက်မှုများကိုလည်း အဆိုပါ ဗီဒီယိုကင်မရာများတွင် ထောက်ပံ့ပေးထားသည်။

Panasonic သည် Twin Camera feature ကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ WX970 မော်ဒယ်တွင် သေးငယ်လှသော ကင်မရာကို flip-out display ဘယ်ဘက်တွင် ထည့်သွင်းပေးထားသည်။ ၎င်းကင်မရာသည် picture-in-picuture ရိုက်ကူးမှုများကို ပြုလုပ်နိုင်သည်။

Panasonic သည် WX970 ကိုဒေါ်လာ ၁,၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး WX870 ကိုမူ ဒေါ်လာ ၉၀၀ ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ref: CNET