Bluetooth Speaker

Bluetooth-Speaker.jpg

Handphone, Laptop, Tablet PC နှင့် အခြား Bluetooth စနစ် ပါဝင်သော Audio ပစ္စည်းများဖြင့် ချိတ်ဆက်အသုံးပြုနိုင်သော Bluetooth version 2.1 အသုံးပြုထားသည့် Bluetooth Speaker များ ဖြစ်သည်။
ဆလင်ဒါပုံစံနှင့်ဖြစ်ပြီး အရောင်စုံရှိသည်။ ကြိုးမဲ့စနစ် ကောင်းမွန်သလို အသံအရည်အသွေးလည်း အထူးကောင်းမွန်သည်။ Bass အသံကို အထူးပြုထုတ်ထားပြီး အသံအကုန်တင်သည်အထိ အသံကွဲအက်ခြင်း မဖြစ်စေကြောင်း သိရသည်။ Bluetooth ပစ္စည်းများဖြင့် မတွဲဘဲ သီးသန့် MP3 Format သီချင်း၊ တရား၊ ကျောင်းသင်ခန်းစာများ နားဆင်ရန်အတွက်လည်း TF ကတ်ကို ထည့်သုံးနိုင်သည်။ အကွာအဝေး ၁၀ မီတာ ပတ်လည်အတွင်း သုံးနိုင်ပြီး ဓာတ်ခဲမှာ ဆက်တိုက်အသုံးပြုမည်ဆိုပါက ၅ နာရီကြာ ခံနိုင်မည်ဖြစ်သည်။ ၄၅ မီလီမီတာရှိသော precise  speaker ကို သုံးထားပြီး အသံထွက်ဝပ်အား ၃ ဝပ်ရှိသည်။ ဆူညံသံပါဝင်မှုကို ၉၅ % အထိ လျှော့ချပေးနိုင်သည်။ ဓာတ်ခဲအားပြန်သွင်းရန် DC 5V နှင့်ဖြစ်သည့်အတွက် Charger သီးသန့်သုံးနိုင်သလို ကွန်ပျူ တာဖြင့်လည်း USB ပေါက်တွင် တပ်ဆင်အားသွင်းနိုင်မည် ဖြစ်သည်။ USB ကြိုးမှာ အသံကြိုးပါ တွဲထားသည့်အတွက် အားသွင်းနေစဉ် သီချင်းဖွင့်ခြင်းကို တစ်ပြိုင်နက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၈,၀၀၀ ဝန်းကျင်ဖြစ်ပြီး UK Mobile ဖုန်း ၀၉-၂၅၃၅၅၅၅၄၉ ၌ ဆက်သွယ်
ဝယ်ယူနိုင်မည် ဖြစ်သည်။