msi Z97 Gaming 5 Motherboard

msi-Z97-Gaming-5-Motherboard-1-.jpg

Intel Socket 1150 ၏ နောက်ဆုံး Chipset ဖြစ်သော Z97 Express ကို အသုံးပြုထားသည်။ 5th Generation (Core i7) CPU အထိ ထောက်ပံ့ပေးနိုင်သည့် အပြင် လက်ရှိ အသုံးပြုနေသော 4th Gen CPU များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Military Class 4 အမျိုးအစား ဖြစ်ပြီး Memory ကို Dual Channel DDR3 1066 မှ DDR3 3300 (OC) အထိ ထောက်ပံ့ပေးနိုင်သော DIMM Slot ၄ ခုပါဝင်ပြီးအမြင့်ဆုံး 32GB အထိ တပ်ဆင်နိုင်မည်ဖြစ်သည်။  SATA3 6Gbps port ၈ ခုအပြင် ထူးခြားသည့် နည်းပညာ အသစ်ဖြစ်သော M2 port ကို ထည့်သွင်းထားသည်။ PCIe (3.0) x16 slot ၃ ခုပါဝင်သည်။ Multi GPU နည်းပညာများဖြစ်သည့် Nvidia ၏ SLI Technology နှင့် AMD ရဲ့ CrossFireX Technology တွေ ထောက်ပံ့ပေးထားသည့်အပြင် Graphics ကတ် ၃ ကတ်အထိ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။   I/O port အနေဖြင့် USB 3.0 (၆)ခု ၊ USB 2.0 (၈) ခု ၊Killer E2205 Gigabit LAN port ၊ HDMI port ၊ VGA port ၊ DVI port ၊ Gaming KB & Mouse port များ ပါဝင်သည်။ Royal Smart Co.,Ltd ဖုန်း – ၀၉ ၇၃၀၂၀၉၈၁ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။