Spiffy

screen568x568.jpeg

iPhone, iPad ပေါ်တွင် ဓာတ်ပုံများကို ပြင်ဆင်နိုင်မည့် App တစ်ခုဖြစ်သည့် Spiffy သည် ဓာတ်ပုံများကို ပြင်ဆင်ရာတွင် Effect အမျိုးမျိုးဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ကြည့်ရှု၍ ကောင်းအောင် စီစဉ်နိုင်သလို၊ ဓာတ်ပုံပြုပြင်နိုင်မည့် Tool များစွာကိုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါ App ကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ကို ပေးထားသည်။ iOS Version 7.0 နှင့်အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခု ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။