Snapdragon 810 ပရိုဆက်ဆာနှင့် LTE-A ထောက်ပံ့မှု ပါဝင်သော Galaxy Note 4 ကို Samsung ဖြန့်ချိ

Untitled-2.jpg

Samsung သည် Qualcomm ၏ Snapdragon 810 ပရိုဆက်ဆာနှင့် LTE-A ထောက်ပံ့မှု ပါဝင်သော Galaxy Note 4 အသစ်ကို ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Samsung Galaxy Note 4 တွင် Qualcomm ၏ နောက်ဆုံးပေါ် ပရိုဆက်ဆာ Snapdragon 810 ပါဝင်လာသောကြောင့် ဖုန်း၏ စွမ်းဆောင်ရည်မှာ အလွန်လျင်မြန် လာမည်ဖြစ်သည်။ ကိုရီးယားဖုန်း ကုမ္ပဏီများဖြစ်သော Samsung နှင့် LG တို့သည် LTE-A ထောက်ပံ့မှု ပေးထားသော Galaxy S5, LG G3 တို့နှင့် ဆင်တူသည့် Galaxy Note 4 ကို ၂၀၁၅ ခုနှစ်တွင် လက်လီဆိုင်များသို့ ရောင်းချသွားမည် ဖြစ်သည်။

Note 4 စမတ်ဖုန်းသစ်သည် သာမန် LTE ဟန်းဆက်များထက် အချက်အလက် လွှဲပြောင်းမှုနှုန်း လေးဆ မြန်ဆန်ကြောင်း သိရသည်။ ထို့အပြင် ၎င်း phablet သည် Qualcomm ၏ နောက်ဆုံး ပရိုဆက်ဆာ Sanpdragon 810 ပါဝင်သည့် မိုဘိုင်းထုတ်ကုန် တစ်ခုလည်း ဖြစ်လာသည်။

Samsung ၏ Note 4 သစ်ကို မည်သည့်ဒေသတွင် စတင်ရောင်းချဖွယ် ရှိကြောင်းမသိရှိ ရသေးသော်လည်းLTE-A ထောက်ပံ့ထားသော Galaxy S5 ကဲ့သို့ပင် တောင်ကိုရီးယား နိုင်ငံတွင် စတင်ရောင်းချ သွားဖွယ်ရှိသည်။

Ref: Coolest-Gadgets