Singtech မှ MY1 နှင့် G3 မော်ဒယ် နှစ်မျိုးအား အထူး ပရိုမိုးရှင်းဖြင့် ရောင်းချမည်

Singtech.jpg

စင်ကာပူ နိုင်ငံထုတ် Singtech မိုဘိုင်းမှ MY1 နှင့် G3 မော်ဒယ်ဖုန်း နှစ်မျိုးအား အထူး ပရိုမိုးရှင်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ပရိုမိုးရှင်း ကာလအဖြစ် Stock ရှိသလောက် အကုန်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပရိုမိုးရှင်း အစီအစဉ်အရ တန်ဖိုး ၅၅,၀၀၀ ကျပ်ဝန်းကျင်ရှိ Singtech MY1  စမတ်ဖုန်း ဝယ်ယူသည့် မိုဘိုင်းဖုန်း သုံးစွဲသူများအား လစဉ် ကျပ် ၂,၀၀၀ ငွေဖြည့်ပေးခြင်းကို ၁၅ လတိတိ ရရှိနိုင်မည့် ၃၀,၀၀၀ ကျပ်တန် Package ပါဝင်သော Ooredoo SIM card ၊ တန်ဖိုး ၃၃,၀၀၀ ကျပ်ဝန်းကျင်ရှိ G3 Feature ဖုန်းကို လစဉ် ကျပ် ၂,၀၀၀ ငွေဖြည့်ပေးခြင်းကို ၁၀ လတိတိ ရရှိနိုင်မည့် ၂၀,၀၀၀ ကျပ်တန် Package ပါဝင်သော Ooredoo SIM card များအား မေတ္တာ လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ၎င်း SIM ကတ်များမှ အပိုဆောင်း Top up ငွေဖြင့် Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းများ အတွက်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

Singtech MY1 နှင့် G3 မော်ဒယ် မိုဘိုင်းဖုန်းများသည် GSM SIM ကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော   Dual SIM အမျိုးအစား ဖုန်းဖြစ်ပြီး GSM 2G/3G ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းများကို Singtech ဖုန်း- ၀၉ ၂၅၃၃ ၈၀၀၀၈ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။