VnStat ကို Ubuntu OS တွင် ထည့်သွင်းခြင်း

vnstat-hourly-output.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ Network Traffic တွေကို Ubuntu OS ရဲ့ Terminal ကနေ ကြည့်ရှုချင်တယ်ဆိုရင်  ကြည့်ရှုနိုင်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ Network Traffic တွေကို Ubuntu OS ရဲ့ Terminal ကနေ ကြည့်ရှုဖို့အတွက် VnStat ဆိုတာကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ VnStat ကို ထည့်သွင်းဖို့အတွက်  အောက်ဖော်ပြပါ နည်းလမ်းများ အတိုင်း  ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

VnStat ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ၊ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ

sudo -apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  Update အရင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

 နောက်တစ်ဆင့်ကတော့ VnStat  ကို Install ပြုလုပ်ဖို့ အတွက် Terminal မှာ ဖော်ပြပါCommand တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install vnstatဆိုတဲ့ Command ပဲဖြစ်ပါတယ်။ အဆိုပါ Command ကို ထည့်သွင်းလိုက်ရင် လိုအပ်တဲ့ Package File တွေ ကို Download ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

VnStat ကို အသုံးပြုဖို့ အတွက် Terminal မှာ vnstat ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Vnstat ကို ရိုက်ထည့်လိုက်ရင် Network Traffic တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Network Traffic ကို နာရီအလိုက် ကြည့်ရှုနိုင်ဖို့အတွက် vnstath ဆိုတဲ့ Command ကို အသုံးပြုရမှာဖြစ်ပြီး၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ Network Traffic တွေကို ကြည့်ရှုဖို့အတွက် vnstat -d ဆိုတဲ့ Command နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Output  Result ကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ဖော်ပြစေလိုတဲ့ အခါမှာ vnstat –oneline ဆိုတဲ့ Command ကို အသုံးပြုရမှာဖြစ်ပါတယ်။ Vnstat နဲ့ ပတ်သက်တဲ့ အခြားသော Command Line တွေလည်း ရှိသေးတဲ့အတွက် Terminal မှာ vnstat နဲ့ ပတ်သက်တဲ့ command တွေကို ဆက်လက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။