Portable Wireless Card Reader & Power Bank

Portable-Wireless-Card-Reader-&-Power-Bank.jpg

ရုပ်ရှင်၊ သီချင်းနှင့် အမှတ်တရ ဓာတ်ပုံများစွာကို မိသားစု၊ သူငယ်ချင်းများနှင့် ပြန်လည်မျှဝေ ခံစားချင်သူများအတွက် ကူညီပေးနိုင်မည့် Portable wireless flash drive ဖြစ်သည်။ ယခု Wi-Fi Stash မှာ Wireless စနစ်ပါဝင်သော Computer, Phone နှင့် အခြားသော Media Player များဖြင့်မဆို လွယ်ကူအဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ SD/MMC/TF/M2 နှင့် USB Flash Drive ကြိုက်ရာသုံးနိုင်ပြီး External Hard Drive ဆိုပါက 500 GB အထိ အထောက်အပံ့ပေးကြောင်း သိရသည်။ Built in Battery မှာ 2000 mAhရှိပြီး Smart Phone အသုံးပြုသူများအနေဖြင့် Power Bank အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဆာဗာတစ်ခုလိုထားကာ လူအယောက် ၂၀ မျှသုံးနိုင်မည် ဖြစ်သည်။ Wi-Fi ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Apple Series ကိုင်ဆောင်ထားသူများအနေဖြင့် များစွာ အဆင်ပြေစေမည် ဖြစ်သည်။ တန်ဖိုးမှာ ၄၃,၉၀၀ ကျပ် ဖြစ်သည်။ Fax Computer ဖုန်း ၃၈၀၉၈၈ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။