Simple Transfer Pro

screen322x572.jpeg

Simple Transfer Pro App သည် iPhone, iPad, iPod Touch အစရှိသည့် Device များပေါ်မှ ဓာတ်ပုံများ Video များကို Wireless အသုံးပြု၍ ကွန်ပျူ တာအတွင်းသို့ လွှဲပြောင်း၍ ထည့်နိုင်မည့် App ဖြစ်သည်။ အဆိုပါ App သည် Mac OS X အသုံးပြုထားသည့် ကွန်ပျူ တာတွင်သာမက Windows Operating System အသုံးပြုထားသည့် ကွန်ပျူ တာတွင်ပါ Wireless ပေါ်မှ ချိတ်ဆက်၍ အလုပ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အဆိုပါ App ကို လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခုအခါမှာ အခမဲ့ ပေးနေပြီဖြစ်ပြီး၊ မူလ ရောင်းဈေးမှာ ကန်ဒေါ်လာ ၂.၉၉ ဖြစ်သည်။ အခမဲ့ Download ပြုလုပ်ခွင့်ကာလကို အချိန်ဖြင့် သတ်မှတ်ပေးထားသည်။ iOS Version 5.1.1 နှင့်အထက် Device များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။