
ပျော်ပွဲရွှင်ပွဲများနှင့် နှစ်သစ်ကူးအချိန်အခါများတွင် အလွယ်တကူ အလှဆင်နိုင်ရန်အတွက် အသုံးပြုနိုင်မည့် LED မီးများဖြစ်သည်။ ညတစ်ည၏ အလှကို လှပသက်ဝင်စေရန်အတွက် စူးရှတောက်ပသည့်ရောင်စုံ LED
မီးလေးများကို မိမိစိတ်ကြိုက်ဖြင့် အလှဆင်နိုင်မည် ဖြစ်သည်။ အရောင် ၁၅ မျိုးကို လိုသလိုပြောင်းလဲ အသုံးပြုနိုင်သလို အဝေးမှ Remote ဖြင့်လည်း ပြောင်းနိုင်မည် ဖြစ်သည်။ 5m အရှည်ရှိပြီး လိုအပ်သလို ထပ်မံဆက်သွယ်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ DC 12V ဖြင့် အသုံးပြုရမည် ဖြစ်သည်။ ရေရှည်အသုံးခံနိုင်သော LED မီးသီးများ ဖြစ်သည်။ တန်ဖိုးမှာ ၂၀,၃၀၀ ကျပ်ဖြစ်ပြီး Fax computer ဖုန်း ၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။