Yamaha ISX-800 Speaker

Yamaha-ISX-800-speaker-(1)-.jpg

Docking၊Memory Stick၊ CD အစရှိသည့် Input ၅ မျိုးဖြင့် တွဲဖက်အသုံးပြုနိုင်သည့် speaker ဖြစ်သည်။ ဧည့်ခန်းတွင်ထောင်ပြီး အသုံးပြုနိုင်မည့် အော်ရီဂျင်နယ် ထောက်တစ်ခုပါရှိသည်။ နံရံတွင် ကပ်ပြီး အသုံးပြုလိုပါက Bracket ဖြင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။ အရွယ်အစား သေးငယ်သော်လည်း အသံထွက်အားကောင်းမွန်မည် ဖြစ်သည်။  FM လိုင်းများကိုလည်း ဖမ်းယူ နားဆင်နိုင်မည် ဖြစ်သည်။ Timer ပေးခြင်း၊ Alarm ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် ခရမ်းရောင်၊အဖြူရောင်၊အမည်းရောင် ဆိုပြီး အရောင်သုံးမျိုး ရှိမည် ဖြစ်သည်။ တန်ဖိုးမှာ ၇၁၀,၀၀၀ ကျပ်ဖြစ်ပြီး Yamaha ဖုန်း၂၅၃၆၉၁ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။