YIUS တွင် Commerce ဘာသာရပ်ကို တက်ရောက်နေသော မသန့်ဟန်နီစိုး၏ Student Life

IMG_0591.jpg

ဒီအပတ်မှာတော့ YIUS မှာ Commerce  ဘာသာရပ်ကို တက်ရောက်နေတဲ့ မသန့်ဟန်နီစိုးရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

တက်ရောက်နေတဲ့ ကျောင်းအမည်နဲ့ ဘာသာရပ်ကို သိချင်ပါတယ်။

အခု YIUS မှာ Business Foundation Course တက်ရောက်နေပါတယ်။

ဘာလို့ ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တာလဲ။ နောက်ပြီး YIUS ကျောင်းကို ရွေးချယ်ဖြစ်ခဲ့ပုံလေး ပြောပြပါဦး။

သမီး ငယ်ငယ်လေးကတည်းက အဖေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတော့ သမီးလည်း ကြီးလာရင် အဖေ့လိုမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်လို့ပါ။ နောက်ပြီး သူငယ်ချင်းတွေက YIUS မှာတက်ခဲ့တာလေ။ သူတို့က ဒီကျောင်း ကောင်းကြောင်းကို ခဏခဏပြောတယ်လေ။ ပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် အရမ်းအထောက်အကူဖြစ် တယ်ဆိုလို့ YIUS ကိုရွေးချယ် ဖြစ်ခဲ့တာပါ။

YIUS မှာ သင်ကြားပုံလေး သိချင်ပါတယ်။

YIUS မှာ တစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ ပဲထားတာဆိုတော့ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေအပေါ် သေချာဂရုစိုက် သင်ကြားပေးနိုင်ပါတယ်။ ပြီးတော့ သင်ကြားတဲ့ စာတွေ အကုန်လုံးကလည်း Internatio-nal Standard ပဲလေ။ ဆရာ၊ ဆရာမတွေ အားလုံးကလည်း အသင်ပြကောင်းတော့ ဒီမှာတက်ရတာ အရမ်းအဆင်ပြေတယ်။

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ကော ရည်ရွယ်ထားသလား။ ဘယ်နိုင်ငံကို ရွေးချယ်ထားလဲ။

ဟုတ်ကဲ့။ သမီး သြစတြေးလျနိုင်ငံ Sydney မြို့မှာရှိတဲ့ Curtin  University မှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ထားပါတယ်။

Curtin University မှာ Foundation မတက်ဘဲ ဘာလို့ YIUS မှာ Foundation တက်ဖို့ ရွေးချယ်ခဲ့တာလဲ။

Foundation ကို ဒီမှာပဲ တက်လိုက်တယ် ဆိုတာက ဒီက Foundation က Curtin က Foundation နဲ့ တူတူပဲလေ။ အိမ်ကလည်း အခုနည်းနည်းငယ်သေးတော့ ဟိုကို တန်းမလွှတ်ချင်သေးဘူး။ ပြီးတော့ နိုင်ငံခြားတက္ကသိုလ် သွားတက်ဖို့အတွက်လည်း နည်းနည်း ကြိုတင်ပြင်ဆင်ချင်လို့ပါ။ YIUS မှာ Foundation တက်လိုက်တော့ ကုန်ကျစရိတ်လည်း သက်သာသွားတယ်။

YIUS ကသင်ပေးတဲ့ သင်ခန်းစာတွေကိုရော ဘယ်လိုတွေလေ့လာခဲ့လဲ။

ကျောင်းမှာ စာသင်ချိန်မဟုတ်ဘဲ စာသင်ပြီး နားမလည်တာတွေရှိရင် ဆရာ၊ ဆရာမတွေကို မေးဖို့ “surgecy time”တွေ နေ့စဉ် လုပ်ပေးထားတယ်။ ပြီးတော့ ကျောင်းသားတွေအတွက် ကိုယ်ပိုင် Study Session အချိန်တွေ ပေးထားတော့ သူငယ်ချင်းတွေနဲ့တူတူ assignment တွေ၊ Homework တွေ လုပ်လို့ ရတာပေါ့နော်။

ကျောင်းစာတွေအပြင် တခြား Activities တွေရော ဘာတွေပြုလုပ်ပေးလဲ။

YIUS မှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် formal ပွဲရော၊ casual ပွဲရော လုပ်ပေးပါတယ်။ Ledership Camp တို့၊ Christmas party တို့လည်း လုပ်ပေးတယ်။ ပြီးတော့ “ဆည်းဆာရိပ်” ဘိုးဘွားရိပ်သာမှာလည်း ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေရော၊YIUS ကပါ ပါဝင်ပြီး အဘိုးတွေ၊ အဘွားတွေကို သွားပြီး လှူဒါန်းခဲ့ပါတယ်။

နိုင်ငံခြားကို သွားရောက်ပညာသင်ယူမယ့် ကျောင်းသား၊ ကျောင်းသူတွေကို ဘာတွေကြိုတင် ပြင်ဆင်ရမလဲဆိုတာ အကြံပြုပါဦး။

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင်တော့ independent ဖြစ်ဖို့လိုပါတယ်။ ဟိုမှာက မိသားစုနဲ့ မဟုတ်ဘဲ တစ်ယောက်တည်း ခွဲနေရမှာဆိုတော့ ကိုယ့်အားကိုယ်ကိုးနိုင်မှသာ အဆင်ပြေမှာပေါ့နော်။ ဟိုမှာ Language အခက်အခဲမရှိအောင် English ကို ဒီမှာကတည်းက ပိုင်ပိုင်နိုင်နိုင် ကျင့်သွားဖို့လိုမယ်လို့ ထင်ပါတယ်။