JetClean

scr_0-700x524.jpg

ကွန်ပျူတာ စနစ်အတွင်းမှ Error တွေကို ရှာဖွေရှင်းလင်းပေးနိုင်ပြီး ကွန်ပျူတာ၏ လုပ်ဆောင်ချက်ကို ပိုမိုမြန်ဆန်စွာနဲ့ လုပ်ဆောင်နိုင်စေဖို့အတွက် စီစဉ်ဖန်တီးပေးနိုင်တဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါ တယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ Registry Error တွေ၊ Temp File တွေအပြင် Browser အတွင်းက History ဖိုင်တွေကိုပါ ဖယ်ရှားရှင်းလင်း နိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။

JetClean ဟာ Windows စနစ်အတွင်းမှာရှိတဲ့ Error တွေကို ရှာဖွေ ရှင်းလင်းပေးနိုင်သလို၊ အင်တာနက် အသုံးပြုသူတွေအတွက်လည်း ကိုယ်အသုံးပြုနေကျ ဝက်ဘ်ဆိုက်တွေရဲ့ Cookie တွေကို လုံခြုံစွာ သိမ်းဆည်းပေးထားနိုင်မှာ ဖြစ်သလို၊ အကယ်၍ အသုံးမပြုလိုပါကလည်း အလွယ်တကူနဲ့ ဖယ်ရှား ရှင်းလင်းပေးနိုင်မှာ ဖြစ်ပါတယ်။

JetClean မှာ Registry Clean, Windows Clean, Apps Clean, Shortcuts Clean, RAM Clean ဆိုပြီး အပိုင်းတွေ ခွဲထားပြီး၊ ကိုယ်ဖယ်ရှား ရှင်းလင်းချင်တဲ့ အပိုင်းတွေကို ရွေးချယ်ကာ ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဖိုင်တွေကို အလွယ်တကူ ရှာဖွေရှင်းလင်းနိုင်စေဖို့ အတွက်လည်း စီစဉ်ပေးထား ပါတယ်။

ဆော့ဖ်ဝဲရဲ့သွင်ပြင်ကို ရိုးရှင်း တဲ့ပုံစံနဲ့ စီစဉ်ဖန်တီးပေးထားတဲ့ အတွက် အသုံးပြုသူတွေအနေနဲ့ အလွယ်တကူ သုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Tool မှာလည်း ပြန့်ကျဲနေတဲ့ ဖိုင်တွေကို ပြန်လည် စုစည်ပေးနိုင်ဖို့ အတွက် Defragment နဲ့ အခြားသော System Utilities တွေအပြင် Internet Booster, Performance Booster တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

အဆိုပါ ဆော့ဖ်ဝဲကို Windows XP ကနေ Windows 8 အထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖိုင်အရွယ် အစားကလည်း 4.77 MB ခန့်သာရှိမှာ ဖြစ်ပြီး၊ အခမဲ့အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲ လည်း ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက် စွမ်းရည်တွေကို တိုးတက်စေဖို့အတွက် အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲ တစ်ခုလည်း ဖြစ်ပါတယ်။