Sunggy Pack

screen568x568.jpeg

ဥာဏ်စမ်းဂိမ်းကို ဆော့ကစားလိုသည့် iOS အသုံးပြုသူများအတွက် Sunggy Pack ဆိုသည့် ဂိမ်းသည် ပေးထားသည့်အကောင်လေးများကို တစ်စုတစ်စည်းထဲ ဖြစ်စေရန်အတွက် ထုပ်ပိုးပေးရမည့် ဥာဏ်စမ်းဂိမ်း တစ်ခုဖြစ်သည်။ အဆိုပါဂိမ်းကို iPhone, iPad တို့ပေါ်တွင် ထည့်သွင်းဆော့ကစားနိုင်မည် ဖြစ်သည်။

Sunggy Pack ဂိမ်းကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉  ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ရယူ အသုံးပြုနိုင်ပြီ ဖြစ်သည်။ အဆိုပါဂိမ်းကို iOS Version 4.3 နှင့် အထက် တွင် ထည့်သွင်းဆော့ကစားနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။