Nano နည်းပညာသုံး Massage belt

Massage-belt.jpg

Puli အမျိုးအစား PL-905 မော်ဒယ် Slimming massage belt အမည်ဖြင့် ခန္ဓာအစိတ်အပိုင်းများ နှိပ်နယ်ပေးခြင်း အပါအဝင် အဆီချခြင်းအတွက်ပါ အသုံးပြုနိုင်သော ခါးပတ်ဖြစ်သည်။ ခါးပတ်တွင် နည်းပညာမြင့် Nano စနစ် ထည့်သွင်းတည်ဆောက်ပေးထားသည်။ ကိရိယာနှစ်ခုတွဲ တစ်စုံအနေဖြင့် ထုတ်လုပ်ထားသော်လည်း စိတ်ကြိုက်တွဲနိုင်၊ ခွဲနိုင်မည်ဖြစ်သည်။ ခါးပတ်ကို အလက်စတစ်သားဖြင့် ပြုလုပ်ပေးထားသည့်အတွက် လက်၊ ခြေ၊ ပေါင်၊ ဂုတ်ပိုး၊ ဗိုက်၊ ကျော စသည်ဖြင့် စိတ်ကြိုက်သုံးနိုင်မည်ဖြစ်သည်။ အကြောတင်၊ အကြောညပ်၊ ဇက်ကြောတက်ရောဂါအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆီကျသော ဆေးတစ်ဘူး ပါဝင်ပြီး
အဝလွန်သောသူ၊ အဆီချချင်သောသူများ အသုံးပြုနိုင်မည်ဖြစ်သည်။ အိမ်မီး AC 220V ဖြင့်သုံးနိုင်သလို DC 12V ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ၁၈ ဝပ်ရှိပြီး နှိပ်နယ်ခြင်းအဆင့်နှစ်မျိုးနှင့် နှိပ်ပေးသော
ပုံစံ ၅ မျိုးအထိ ပြောင်းလဲသုံးနိုင်မည်ဖြစ်သည်။ သာမန်အပြင်အပူပေးပြီး နှိပ်ခြင်းကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးအပြင် အလှအပအတွက်ပါ သုံးနိုင်ပြီး တန်ဖိုးမှာ ၆၈,၀၀၀ ကျပ်ဖြစ်သည်။  Ever Fine ဖုန်း ၃၈၃၄၆၆ နှင့် ၃၈၇၆၄၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။