(919 MHz -923 MHz) လှိုင်းနှုန်းအား (919 MHz -924 MHz) လှိုင်းနှုန်းသို့ ပြင်ဆင် သတ်မှတ်

[ Zawgyi ]



-ထွန်းထွန်း

[ Unicode ]

ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ Technical Specifications for Short Range Devices (SRD) မှာ သတ်မှတ်ပေးထားတဲ့ (919 MHz -923 MHz) ကို (919 MHz -924 MHz) နဲ့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေသတင်း ထုတ်ပြန်လိုက်ပါတယ်။

Technical Specifications for Short Range Devices (SRD) ကို ပြင်ဆင်တဲ့ Amendment Notice ကို ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ရယူနိုင်ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေး ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့အညီ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာကို အသုံးပြုပြီး နိုင်ငံတော်တစ်ဝန်းလုံး ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကြက်ပြီး အများပြည်သူ ဆက်သွယ်အသုံးပြုနိုင်တဲ့ အခွင့်အလမ်းပိုမိုရရှိစေနိုင်ဖို့ (၁၇.၇.၂၀၁၆) ရက်မှာ SRD ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအဲဒါကို ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရပါတယ်။

-ထွန်းထွန်း