Windows 10 'Insiders' တွင် စာရင်းပေးသွင်းသူ ၁.၅ သန်းရှိလာဟု Microsoft ထုတ်ပြန်

windows.jpg

Windows 10 ကိုစမ်းသပ်ရန် “Windows Insiders”  တွင် စာရင်းပေးသွင်းသူ ၁.၅ သန်းကျော် ရှိလာကြောင်း ဒီဇင်ဘာလ ၁၇ ရက်က Microsoft မှ တရားဝင် ထုတ်ပြန်သွားခဲ့သည်။

ထိုသို့စာရင်း ပေးသွင်းထားသူ ၁.၅ သန်းအနက် ၃၀ ရာခိုင်နှုန်း ပမာဏရှိသော စမ်းသပ်သူ ၄၅၀,၀၀၀ ခန့်သည် နေ့စဉ် Windows 10 client တည်ဆောက်မှုတွင် အဓိကလုပ်ကိုင် နေလျက်ရှိကြောင်း Microsoft မှ blog post သစ်တွင် တရားဝင် ပြောကြားခဲ့သည်။ Windows 10  စမ်းသပ်သူများသည် Windows 10 test build ကို Windows 7, 8 သို့မဟုတ် 8.1 အတွက် beta ပရိုဂရမ်များနှင့် preview ထက်ပိုမို စမ်းသပ်နေကြသည်။ Microsoft သည် စမ်းသပ်သူများက တင်ပြလာသည့် Windows 10 preview အားနည်းချက် ၁,၃၀၀ ကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ လလယ်က Microsoft သည် Windows 10 Technical Preview Build ကို အများပြည်သူသို့ ဖြန့်ချိခဲ့ပြီး Windows 10 ကိုစမ်းသပ်ရန် Insiders အဖြစ် လူတစ်သန်းခန့် စာရင်းပေးသွင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် Microsoft သည် နိုဝင်ဘာလတွင် Windows 10Technical Preview ဒုတိယဗားရှင်းကို ဖြန့်ချိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အစောပိုင်းတွင် Windows 10 Preview update ကို ဖြန့်ချိတော့မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

Ref: ZDNet