90Hz မျက်နှာပြင်နဲ့ ကင်မရာ ၄ လုံး ပါလာတဲ့ Realme C17

Realme ဟာ တစ်ကမ္ဘာလုံးကို ဖြန့်ချိရောင်းချမယ့် C17 ဖုန်းကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Realme C17 ဟာ မျက်နှာပြင်နဲ့ ဘက်ထရီကြီးမာပြီး အားသွင်းမြန်ဆန်တဲ့စနစ် ပါဝင်သလို ကျောဘက်မှာလည်း ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။

C17 မှာတော့ 11nm Snapdragon 460 chipset နဲ့အတူ 1.8GHz octa-core GPU, RAM 6GB နဲ့ storage 128GB ပါဝင်လာပါတယ်။

မျက်နှာပြင်ကတော့ ၆.၅ လက်မ LCD ၊ ရုပ်ထွက်အရည်အသွေး HD+ နဲ့ 90Hz refresh rate ထောက်ပံ့ထားပါတယ်။ ဖုန်းရဲ့ screen-to-body ratio ကတော့ ကျယ်ပြန့်ပြီး punch hole ထဲမှာ selfie ကင်မရာ ထည့်သွင်းထားပါတယ်။

ဖုန်းကျောဘက်မှာ ကင်မရာကို L ပုံသဏ္ဍာန်စီပေးထားပါတယ်။ ကင်မရာတွေကတော့ 13MP f/1.8 အဓိကကင်မရာနဲ့ 8MP ultrawide-angle အပြင် macro နဲ့ အဖြူအမည်း အတွက် 2MP နှစ်လုံး ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 5,000mAh ဖြစ်ပြီး 18W မြန်နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ Realme C17 ကိုတော့ အစိမ်းနဲ့ အပြာဆိုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၂ ရက်မှာ ဒေါ်လာ ၁၉၀ နဲ့ ရောင်းချပေးပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««