8th Kyoritsu Speech Contest & Kyoritsu Scholarship အတြက္ ေလွ်ာက္လႊာေခၚယူ

8th Kyoritsu Speech Contest & Kyoritsu Scholarship အတြက္ ေလွ်ာက္လႊာေခၚယူေနၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ေလွ်ာက္ထားလိုသူေတြ အေနနဲ႔ အထက္တန္းေအာင္ျမင္ၿပီး N4 ေအာင္ျမင္ၿပီးသူ၊ ေဖာင္တင္တဲ့အခါ ဓာတ္ပုံ တစ္ပုံ၊ မွတ္ပုံတင္မိတၱဴ၊ JLPT သို႔မဟုတ္ Nat-Test ေအာင္လက္မွတ္ မိတၱဴနဲ႔ စာစီစာကုံးေရးဖို႔ လိုအပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ မိမိ တက္ေရာက္ေနတဲ့ ဂ်ပန္ဘာသာစကားေက်ာင္းမွ ဆရာမရဲ႕ေထာက္ခံစာ လိုအပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ လူဦးေရ ၁၀၀ အထိသာ လက္ခံမွာျဖစ္ၿပီး ဇြန္လ ၂၀ ရက္မွစၿပီး ဇူလိုင္လ ၂၂ ရက္အထိ ေနာက္ဆုံးထား ေလွ်ာက္ထားရမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ေလွ်ာက္လႊာေဖာင္ေတြကို ပုလဲကြန္ဒိုရိွ OJEIC ရုံးမွာလာေရာက္ထုတ္ယူႏိုင္မွာ ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို Momiji Japanese Language Center မွာ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္သိရွိလိုပါက Momiji Japanese Language Center ဖုန္း ၀၉- ၄၅၀၆၁၄၆၄၄၊ ၀၉- ၄၅၀၆၁၄၆၅၀ သုိ႔ စုံစမ္းေမးျမန္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

8th Kyoritsu Speech Contest & Kyoritsu Scholarship အတွက် လျှောက်လွှာခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ အထက်တန်းအောင်မြင်ပြီး N4 အောင်မြင်ပြီးသူ၊ ဖောင်တင်တဲ့အခါ ဓာတ်ပုံ တစ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ JLPT သို့မဟုတ် Nat-Test အောင်လက်မှတ် မိတ္တူနဲ့ စာစီစာကုံးရေးဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိမိ တက်ရောက်နေတဲ့ ဂျပန်ဘာသာစကားကျောင်းမှ ဆရာမရဲ့ထောက်ခံစာ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ လူဦးရေ ၁၀၀ အထိသာ လက်ခံမှာဖြစ်ပြီး ဇွန်လ ၂၀ ရက်မှစပြီး ဇူလိုင်လ ၂၂ ရက်အထိ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာဖောင်တွေကို ပုလဲကွန်ဒိုရှိ OJEIC ရုံးမှာလာရောက်ထုတ်ယူနိုင်မှာ ဖြစ်ပြီး လျှောက်လွှာများကို Momiji Japanese Language Center မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Momiji Japanese Language Center ဖုန်း ၀၉- ၄၅၀၆၁၄၆၄၄၊ ၀၉- ၄၅၀၆၁၄၆၅၀ သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ဝေဝေ