8th-gen processor, NVIDIA GeForce MX110 နဲ႔ full-sized keyboard ပါဝင္တဲ့ ၁၅.၆ လက္မ Mi Notebook သစ္ကို Xiaomi မိတ္ဆက္

[ Zawgyi ]

Xiaomi ဟာ ကုမၸဏီရဲ႕ Mi Notebook PC သစ္တစ္မ်ိဳးကို ျဖန္႔ခ်ိလိုက္ပါတယ္။ ဒီ ဗားရွင္းသစ္ကို 8th-gen Intel processor ေတြနဲ႔ ရရိွႏိုင္ၿပီး NVIDIA GPU နဲ႔ full-sized keyboard တို႔နဲ႔ အသံုးျပဳႏိုင္ပါတယ္။

Mi Notebook သစ္မွာ display က ၁၅.၆ လက္မ FHD ျဖစ္ပါတယ္။ Intel 8th-gen processor ေတြနဲ႔ ရရိွႏိုင္ၿပီး ေရြးခ်ယ္တဲ့ ေမာ္ဒယ္အေပၚမူတည္ကာ Core i5 ဒါမွမဟုတ္ Core i7 processor နဲ႔ ရရိွႏိုင္ပါတယ္။

Core i5 အမ်ိဳးအစားကို 4GB RAM နဲ႔ 8GB RAM ဆိုၿပီး ရရိွႏိုင္ပါတယ္။ သိုေလွာင္မႈပမာဏကိုေတာ့ 128GB SSD + 1TB HDD နဲ႔ ရႏိုင္ပါတယ္။ ဂရပ္ဖစ္ကတ္က NVIDIA GeForce MX110 2GB RAM ျဖစ္ပါတယ္။

အဆိုပါ processor သစ္ဟာ 7th-gen ေမာ္ဒယ္ေတြထက္ စြမ္းေဆာင္ရည္ ၄၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းပါတယ္။ GeForce MX110 ကလည္း image processing ကို အေကာင္းဆံုး လုပ္ေဆာင္ႏိုင္သလို online gaming ကိုလည္း ကိုင္တြယ္ႏိုင္ပါတယ္။ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္အတြက္ သံုးစြဲသူေတြက 32GB memory အထိ ထည့္သြင္းႏိုင္ပါတယ္။ Mi Notebook သစ္မွာ အပူလြန္ကဲမႈ ေလွ်ာ့ခ်ဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ double fan double ventilation ဒီဇိုင္းနဲ႔ 2+2 heat pipe layout တို႔ ပါဝင္ပါတယ္။

ေနာက္ထပ္ ဆြဲေဆာင္မႈရိွတဲ့ feature တစ္ခုကေတာ့ numerical keypad ပါဝင္တဲ့ keyboard ျဖစ္ပါတယ္။ ခ်ိတ္ဆက္မႈပိုင္းအေနနဲ႔ ဘယ္ဘက္မွာ USB 3.0 port ႏွစ္ခု၊ HDMI port တစ္ခု၊ 3.5mm နားၾကပ္ေပါက္ တစ္ခုနဲ႔ ehternet port တစ္ခုတို႔ ပါဝင္ပါတယ္။ ညာဘက္မွာေတာ့ SD card slot တစ္ခု၊ USB 2.0 port တစ္ခုနဲ႔ DC port တစ္ခု ပါဝင္ပါတယ္။

Mi Notebook မွာ 3W စပီကာႏွစ္လံုးနဲ႔ Dolby Audio surround sound နည္းပညာ ပါဝင္ပါတယ္။ ဒါ့အျပင္ Microsoft Office နဲ႔ Xiaomi ရဲ႕ ကိုယ္ပိုင္ sync assistant ကိုလည္း ထည့္သြင္းေပးထားပါတယ္။

တန္ဖိုးက Core i5 4GB RAM + 128GB + 1TB HDD အတြက္ ၅၈၂ ေဒၚလာ ျဖစ္ပါတယ္။ RAM ကို 4GB ထပ္တိုးမယ္ဆိုရင္ေတာ့ ၆၅၅ ေဒၚလာ က်သင့္ပါမယ္။ Core i7 8GB RAM + 128GB + 1TB HDD အတြက္က ၇၂၇ ေဒၚလာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ Mi Notebook သစ္ကို အျဖဴနဲ႔ အနက္ အေရာင္ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ၿပီး ၾသဂုတ္ ၂၈ မွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

Xiaomi ဟာ ကုမ္ပဏီရဲ့ Mi Notebook PC သစ်တစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။ ဒီ ဗားရှင်းသစ်ကို 8th-gen Intel processor တွေနဲ့ ရရှိနိုင်ပြီး NVIDIA GPU နဲ့ full-sized keyboard တို့နဲ့ အသုံးပြုနိုင်ပါတယ်။

Mi Notebook သစ်မှာ display က ၁၅.၆ လက်မ FHD ဖြစ်ပါတယ်။ Intel 8th-gen processor တွေနဲ့ ရရှိနိုင်ပြီး ရွေးချယ်တဲ့ မော်ဒယ်အပေါ်မူတည်ကာ Core i5 ဒါမှမဟုတ် Core i7 processor နဲ့ ရရှိနိုင်ပါတယ်။

Core i5 အမျိုးအစားကို 4GB RAM နဲ့ 8GB RAM ဆိုပြီး ရရှိနိုင်ပါတယ်။ သိုလှောင်မှုပမာဏကိုတော့ 128GB SSD + 1TB HDD နဲ့ ရနိုင်ပါတယ်။ ဂရပ်ဖစ်ကတ်က NVIDIA GeForce MX110 2GB RAM ဖြစ်ပါတယ်။

အဆိုပါ processor သစ်ဟာ 7th-gen မော်ဒယ်တွေထက် စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်း ပိုမိုကောင်းပါတယ်။ GeForce MX110 ကလည်း image processing ကို အကောင်းဆုံး လုပ်ဆောင်နိုင်သလို online gaming ကိုလည်း ကိုင်တွယ်နိုင်ပါတယ်။ ပိုကောင်းတဲ့ စွမ်းဆောင်ရည်အတွက် သုံးစွဲသူတွေက 32GB memory အထိ ထည့်သွင်းနိုင်ပါတယ်။ Mi Notebook သစ်မှာ အပူလွန်ကဲမှု လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေမယ့် double fan double ventilation ဒီဇိုင်းနဲ့ 2+2 heat pipe layout တို့ ပါဝင်ပါတယ်။

နောက်ထပ် ဆွဲဆောင်မှုရှိတဲ့ feature တစ်ခုကတော့ numerical keypad ပါဝင်တဲ့ keyboard ဖြစ်ပါတယ်။ ချိတ်ဆက်မှုပိုင်းအနေနဲ့ ဘယ်ဘက်မှာ USB 3.0 port နှစ်ခု၊ HDMI port တစ်ခု၊ 3.5mm နားကြပ်ပေါက် တစ်ခုနဲ့ ehternet port တစ်ခုတို့ ပါဝင်ပါတယ်။ ညာဘက်မှာတော့ SD card slot တစ်ခု၊ USB 2.0 port တစ်ခုနဲ့ DC port တစ်ခု ပါဝင်ပါတယ်။

Mi Notebook မှာ 3W စပီကာနှစ်လုံးနဲ့ Dolby Audio surround sound နည်းပညာ ပါဝင်ပါတယ်။ ဒါ့အပြင် Microsoft Office နဲ့ Xiaomi ရဲ့ ကိုယ်ပိုင် sync assistant ကိုလည်း ထည့်သွင်းပေးထားပါတယ်။

တန်ဖိုးက Core i5 4GB RAM + 128GB + 1TB HDD အတွက် ၅၈၂ ဒေါ်လာ ဖြစ်ပါတယ်။ RAM ကို 4GB ထပ်တိုးမယ်ဆိုရင်တော့ ၆၅၅ ဒေါ်လာ ကျသင့်ပါမယ်။ Core i7 8GB RAM + 128GB + 1TB HDD အတွက်က ရ၂၇ ဒေါ်လာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Mi Notebook သစ်ကို အဖြူနဲ့ အနက် အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပြီး သြဂုတ် ၂၈ မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GizmoChina