8K ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ Sharp Aquos R5G

Sharp ဟာ ဂျပန်နိုင်ငံမှာ ရောင်းချမယ့် R5G ဖုန်းကိုမိတ်ဆက်လိုက်ပါတယ်။ Sharp ရဲ့ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပြီး notch နှစ်ခု ပါဝင်လာပါတယ်။

မျက်နှာပြင် ၆.၅ လက်မ QHD+ အရည်အသွေးရှိပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်မှာ 16MP selfie ကင်မရာနဲ့ fingerprint scanner ကိုထည့်သွင်းထားပါတယ်။ Sharp Aquos R5G မှာ IPS panel နဲ့ 120Hz refresh rate နဲ့ စတူရီယိုစပီကာတွေ ထည့်သွင်းထားပါတယ်။ ဖုန်းကျောဘက်မှာ ကင်မရာ ၄ လုံးပါဝင်ပြီး OIS နဲ့အတူ 12MP, OIS နဲ့အတူ 12MP telephoto, 48MP ultrawide နဲ့ ToF အစိတ်အပိုင်းတို့ ပါဝင်လာပါတယ်။ ဖုန်းနဲ့ ultra-wide အစိတ်အပိုင်းကတစ်ဆင့် 8K ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။

ဖုန်းမှာ Snapdragon 865 chipset ကို 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 storage တွဲဖက်ထားပြီး microSD ကတ်ပေါက်ကတစ်ဆင့် တိုးချဲ့နိုင်ပါတယ်။ Android 10 ကိုအသုံးပြုထားပြီး ဘက်ထရီကတော့ 3,730mAh ပါဝင်လာပါတယ်။ ဖုန်းမှာ IP68 အသုံးပြုထားတဲ့အတွက် အလေးချိန်ကတော့ ၁၈၉ ဂရမ် ရှိပါတယ်။
Sharp Aquos R5G ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ဒေသကို တော့ မသိသေးပါဘူး။

စိုးထက်
Ref: GSMArena