8GB RAM ပါဝင္တဲ့ Honor V10 ကို ၾသဂုတ္ ၁၄ တြင္ ေရာင္းခ်မည္

[ Zawgyi ]

Honor v10 ရဲ႕ ဗားရွင္းသစ္တစ္မ်ိဳးကို ၾသဂုတ္လ ၁၄ ရက္မွာ ေရာင္းခ်သြားမွာျဖစ္တယ္လို႔ Honor က Weibo account ကေန ေၾကညာလိုက္ပါတယ္။ အဲ့ဒီဟန္းဆက္မွာ 8GB RAM နဲ႔ 128GB storage ပါဝင္လာမွာ ျဖစ္ပါတယ္။

Honor ဟာ Honor V10 စမတ္ဖုန္းကို ၂၀၁၇ ႏိုဝင္ဘာလကတည္းက ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီတုန္းက 4GB/64GB ေမာ္ဒယ္နဲ႔ 6GB/128GB ေမာ္ဒယ္ကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။

Honor V10 ရဲ႕ 8GB RAM ေမာ္ဒယ္သစ္ကို ၾသဂုတ္ ၁၄ ရက္မွာ ေရာင္းခ်သြားမွာျဖစ္ေပမယ့္ ေစ်းႏႈန္းကိုေတာ့ ကုမၸဏီက ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရိွပါဘူး။

Honor V10 မွာ ၅.၉၉ လက္မ iPS LCD FHX+ display နဲ႔ 18:9 aspect ratio ပါဝင္ပါတယ္။ Processor အေနနဲ႔ Kirin 970 SoC ကိုသံုးထားပါတယ္။ ဓာတ္ပံု႐ိုက္ကူးဖို႔အတြက္ 16MP + 20MP ေက်ာဘက္ကင္မရာႏွစ္ခုနဲ႔ 13-megapixel အေရွ႕ဘက္ကင္မရာတစ္ခု ပါဝင္ပါတယ္။ ဘက္ထရီက 3,750mAh ျဖစ္ၿပီး အားသြင္းျမန္ဆန္တဲ့နည္းပညာ ပါဝင္ပါတယ္။ ဒီစမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံျပင္ပမွာ Honor View 10 အေနနဲ႔ ရရိွႏိုင္ပါတယ္။

Ref: GizmoChina

[ Unicode ]

Honor v10 ရဲ့ ဗားရှင်းသစ်တစ်မျိုးကို သြဂုတ်လ ၁၄ ရက်မှာ ရောင်းချသွားမှာဖြစ်တယ်လို့ Honor က Weibo account ကနေ ကြေညာလိုက်ပါတယ်။ အဲ့ဒီဟန်းဆက်မှာ 8GB RAM နဲ့ 128GB storage ပါဝင်လာမှာ ဖြစ်ပါတယ်။

Honor ဟာ Honor V10 စမတ်ဖုန်းကို ၂၀၁၇ နိုဝင်ဘာလကတည်းက ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက 4GB/64GB မော်ဒယ်နဲ့ 6GB/128GB မော်ဒယ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Honor V10 ရဲ့ 8GB RAM မော်ဒယ်သစ်ကို သြဂုတ် ၁၄ ရက်မှာ ရောင်းချသွားမှာဖြစ်ပေမယ့် စျေးနှုန်းကိုတော့ ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

Honor V10 မှာ ၅.၉၉ လက်မ iPS LCD FHX+ display နဲ့ 18:9 aspect ratio ပါဝင်ပါတယ်။ Processor အနေနဲ့ Kirin 970 SoC ကိုသုံးထားပါတယ်။ ဓာတ်ပုံရိုက်ကူးဖို့အတွက် 16MP + 20MP ကျောဘက်ကင်မရာနှစ်ခုနဲ့ 13-megapixel အရှေ့ဘက်ကင်မရာတစ်ခု ပါဝင်ပါတယ်။ ဘက်ထရီက 3,750mAh ဖြစ်ပြီး အားသွင်းမြန်ဆန်တဲ့နည်းပညာ ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းကို တရုတ်နိုင်ငံပြင်ပမှာ Honor View 10 အနေနဲ့ ရရှိနိုင်ပါတယ်။

Ref: GizmoChina