8:9 display, Android Oreo နဲ့ Kirin 970 ပါဝင်တဲ့ Honor V10 ကို Huawei မိတ်ဆက်

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ Huawei က flagship-level ထုတ်ကုန်သစ်တစ်ခုဖြစ်တဲ့ Honor V10 ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

Honor V10 မှာ ၅.၉၉ လက်မ screen နဲ့ 1080 x 2160px resolution ပါဝင်ပါတယ်။ Flagship Mate 10 မှာ ပါဝင်တဲ့အတိုင်း Huawei ရဲ့ Kirin 970 processor ကို အသုံးပြုထားပါတယ်။ RAM က 6GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ Android Oreo နဲ့ EMUI 8 ကို အသုံးပြုထားပါတယ်။

 

ကျောဘက်မှာ dual camera စနစ်ပါဝင်ပါတယ်။ ပင်မကင်မရာက 16MP color sensor ဖြစ်ပြီး secondary က 20MP monochrome ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာ 13MP နဲ့ ဘက်ထရီ 3750mAh ဖြစ်ကာ fast charging ကို ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုးက 4GB/64GB မော်ဒယ်အတွက် ဒေါ်လာ ၄၁၀ ဖြစ်ပြီး 6GB/64GB မော်ဒယ်အတွက်က ဒေါ်လာ ၄၅၀ ဖြစ်ပါတယ်။ 128GB မော်ဒယ်အတွက်က ဒေါ်လာ ၅၃၀ ကျသင့်မှာဖြစ်ပါတယ်။

Huawei Honor V10 ကို အခုအခါ ကြိုတင်မှာယူနိုင်ပြီး ဒီဇင်ဘာ ၅ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena