secondary storage

Secondary storage ဆိုသည်မှာ ကွန်ပျူတာတစ်လုံး၏ central processing unit (CPU) မှ တိုက်ရိုက်ထိန်းချုပ်မှု မရှိသော သို့မဟုတ် application တစ်ခုနှင့် တိုက်ရိုက်အပြန်အလှန် လုပ်ဆောင်နိုင်ခြင်း မရှိသော non-volatile storage ကို ခေါ်ဆိုသည်။ Secondary storage ကို တစ်ခါတစ်ရံတွင် auxiliary သို့မဟုတ် external storage ဟုခေါ်ဆိုသည်။

ပုံမှန်အားဖြင့် secondary storage ကို အချက်အလက် backup ပြုလုပ်ခြင်းအတွက် အသုံးပြုလေ့ရှိသည်။ ထိရောက်မှုရှိသည့် secondary storage media တစ်ခုကို ရွေးချယ်ရန်အတွက် အချက်အလက်၏ တန်ဖိုးကို နားလည်ရန် လိုအပ်သည်။ ထို့အပြင် အချက်အလက်ကို မည်မျှအကြာ အသုံးပြုခြင်းနှင့် မည်ကဲ့သို့ အသုံးပြုခြင်းတို့ကို နားလည်ရန် လိုသည်။ External hard drive များ၊ portable USB flash drive များ၊ CD များ၊ DVD များနှင့် cloud backup များကို secondary storage အတွက် အသုံးပြုကြသည်။

စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် network-attached storage (NAS), storage area network (SAN array) နှင့် tape library တို့ကို secondary storage အတွက် အသုံးပြုကြသည်။ Object storage ထုတ်ကုန်များကို ဈေးသက်သာသောနည်းဖြင့် secondary storage အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် အသုံးပြုကြသည်။