Xiaomi Corner ဖွင့်လှစ်ခြင်းနှင့် အတူ mi ပရိုမိုးရှင်း ပြုလုပ်မည်

finish.jpg

ပြည်တွင်းရှိ Xiaomi အသုံးပြု သူများအတွက် Xiaomi ၏ ထုတ်ကုန်ပစ္စည်းများအား တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်းနှင့် စုံစုံလင်လင် ကြည့်ရှု ဝယ်ယူနိုင်စေရန် အတွက် Xiaomi Corner တစ်ခုအား ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Xiaomi Corner အား ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ My Mobile မိုဘိုင်းဖုန်း အရောင်းဆိုင်တွင် ဒီဇင်ဘာ ၂၅ ရက် မှ စတင်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး Xiaomi Corner တွင် MI နှင့် ပတ်သက်သော Xiaomi ထုတ်ကုန် ပစ္စည်းများဖြစ်သည့် MI ဖုန်းများ၊ MI Tablet ဖြစ်သည့် MI Pad များ၊ MI Note အစရှိသော ပစ္စည်းများအပြင် Xiaomi ဖုန်းများနှင့် ပတ်သက်သော Screen Cover များ၊ ဖုန်း Cover များ၊ နားကြပ်များ နှင့် MI Accessories များကို ရောင်းချပေး သွားမည်ဖြစ်သည်။ ထို့ပြင် Xiaomi ၏ လက်ပတ်ဖြစ်သော MI Band, Xiaomi ၏ တီဗီဖြစ်သော MI TV2, တီဗီများနှင့် တွဲဖက် အသုံးပြုနိုင်သော Receiver ဖြစ်သည့် MI Box, MI Woofer, အင်တာနက် အသုံးပြုခြင်းအတွက် MI Router, MI Power Bank အစရှိသော ပစ္စည်းများအား တစ်နေရာ တည်းတွင် စုံစုံလင်လင် ကြည့်ရှု ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Xiaomi Corner စတင်ဖွင့် လှစ်ခြင်းနှင့်အတူ New Year နှစ်သစ်ကူး ပရိုမိုးရှင်း အစီအစဉ်ကိုပါ တစ်ပါတည်း ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ပရိုမိုးရှင်း အစီအစဉ်တွင် ဒီဇင်ဘာ ၂၅ ရက်မှ ဇန်န၀ါရီ ၅ ရက်အတွင်း Xiaomi စမတ်ဖုန်းများနှင့် Accessories များကိုဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပရိုမိုးရှင်း ကာလအတွင်း Xiaomi စမတ်ဖုန်း ဝယ်ယူသူများအတွက် Xiaomi ၏ မိုဘိုင်းဖုန်း Accessories များအား ဗလာမပါ ကံစမ်းမဲ အစီအစဉ်ဖြင့် မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် Xiaomi  Corner အသစ်များကို ရန်ကုန်မြို့ရှိ Smart Talk မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင်လည်း ထပ်မံဖွင့်လှစ် ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက My Mobile မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၀၁ ၂၂၅၆၄၉ တွင် ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။