Singtech Z500T ဖုန်းများအား ပရိုမိုးရှင်း ပြုလုပ် ရောင်းချ ပေးမည်

Singtech-News.jpg

စင်ကာပူ အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Singtech မိုဘိုင်းမှ အသစ်ထွက်ရှိ ထားသည့် Z500T မော်ဒယ် စမတ်ဖုန်းကို အထူးပရို မိုးရှင်းဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး ပရိုမိုးရှင်း ကာလအဖြစ် ရောင်းချရန်ရှိသော ဖုန်းအလုံး အရေအတွက် Stock ရှိသလောက် အကုန်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုပရိုမိုးရှင်းက Z500T စမတ်ဖုန်း ဝယ်ယူတဲ့ သူတိုင်းကို ကျပ်နှစ်သောင်းတန် ငွေဖြည့် Package ပါဝင်တဲ့ Ooredoo SIM ကတ်တွေ မေတ္တာလက်ဆောင် ပေးသွားမှာပါ။ ဘယ်အချိန်ထိ ရောင်းပေးမှာလဲဆိုတော့ ကျွန်တော်တို့ဆီမှာ ပရိုမိုးရှင်း အတွက် ရောင်းချဖို့ရှိတဲ့ အလုံးအရေအတွက် stock ရှိသလောက် အချိန်ထိကို  ရောင်းချပေး သွားမှာပါ” ဟု Singtech မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ ပရိုမိုးရှင်း အစီအစဉ် အရ Singtech Z500T စမတ်ဖုန်း ဝယ်ယူသည့် မိုဘိုင်းဖုန်း သုံးစွဲသူများအား လစဉ် ကျပ် ၂,၀၀၀ ငွေဖြည့်ပေးခြင်းကို ၁၀ လတိတိ ရရှိနိုင်မည့် ၂၀,၀၀၀ ကျပ်တန် Package ပါဝင်သော Ooredoo SIM card များကို မေတ္တာလက်ဆောင် အနေဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ၎င်း SIM ကတ်များတွင် ရရှိမည့် တစ်လ ၂,၀၀၀ ကျပ်မှာ Ooredoo ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းများ အတွက်သာ အသုံးပြု နိုင်မည်ဖြစ်သည်။

Singtech Z500T စမတ် ဖုန်းသည် GSM SIM ကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM အမျိုးအစား ဖုန်းဖြစ်ပြီး GSM 2G/3G ကွန်ရက်များတွင် အသုံးပြု နိုင်မည်ဖြစ်သည်။ မြင်ကွင်းအကျယ် ၅ လက်မရှိပြီး 1.3GHz Quad-core CPU, Internal Memory 4GB (ROM) နှင့် 512MB  (RAM)ရှိမည်ဖြစ်သည်။ သိုလှောင်မှု ပမာဏကို 32GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည် ဖြစ်သည်။ 5MP နောက်ကင်မရာနှင့် 0.3MP ရှေ့ကင်မရာကို အသုံးပြုထားပြီး Android OS 4.4 (KitKat) နှင့် 1,900mAh ဘက်ထရီကို ထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းကို တန်ဖိုး ၉၀,၀၀၀ ကျပ်ဝန်းကျင် ဖြင့် Sing-tech ဖုန်း- ၀၉ ၂၅၃၃ ၈၀၀၀၈ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။