OPPO R5 ဖုန်းတွင် ကင်မရာ နည်းပညာ သစ်များ ပေါင်းစပ်ပါဝင် လာမည်ဟုဆို

cover.jpg

OPPO မှကမ္ဘာ့ အပါးလွှာဆုံး ဖုန်းအဖြစ် ထုတ်လုပ်ခဲ့သော R5 တွင် ကင်မရာ စနစ်ပိုင်းအတွက် နည်းပညာသစ်များ ပေါင်းစပ်ပါဝင် လာမည်ဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်းအတွက် စုံလင်သော Function များကို အသုံးပြုနိုင် စေရန်အတွက် ပြုလုပ်ဖန်တီး ပေးထားကြောင်း သိရသည်။

R5 တွင် ကင်မရာပိုင်းအတွက် Function များအား အများအပြား ထည့်သွင်း ပေးထားသော ပုံစံမျိုး မဟုတ်ဘဲ ကင်မရာ စနစ်အတွင်းတွင် မိမိအသုံးပြုလိုသော ကင်မရာစနစ် တစ်ခုချင်းစီအား အသုံးပြုလိုသော အချိန်တိုင်းတွင် Install  ပြုလုပ်ကာ ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ပြီး အသုံးမပြု လိုသော အချိန်များတွင်လည်း ကင်မရာ စနစ်များအတွင်းမှ ပြန်လည်၍ Uninstall ပြုလုပ်ကာ ပယ်ဖျက် နိုင်မည်ဖြစ်သည်။

ထပ်မံတိုးမြှင့် ပါဝင်လာမည် ဖြစ်သော စနစ်များမှာ RAW စနစ်၊ အလင်းအားနည်းသော နေရာများတွင် ဓာတ်ပုံအားကောင်းစွာ ရိုက်နိုင်မည်ဖြစ်ပြီး ဓာတ်ပုံအား ကိုယ်ခွဲပုံစံ အရိပ်ဖြင့် ရိုက်နိုင်မည့် Double Exposure စနစ်၊ သေးငယ်သော အရာဝတ္ထု ပစ္စည်းများအား ကောင်းစွာ ရိုက်နိုင်သော Super Micro စနစ်၊ ဓာတ်ပုံရိုက်ရာတွင် Focus ထောက်ပြီးမှ ဓာတ်ပုံရိုက်ခြင်းအပြင် ဓာတ်ပုံတစ်ပုံကို လျင်မြန်စွာ ရိုက်ကူးလိုက်ပြီးချိန်မှ မိမိလိုချင်သော နေရာအား Focus ပြန်လည်ပြုလုပ် နိုင်မည်ဖြစ်သော After Focus စနစ်၊ ဓာတ်ပုံ ကင်မရာများတွင် အသုံးပြုသော Manual စနစ်ဖြစ်သည့် Shuter Speed, ISO, Exposure Compensation အစရှိသော စနစ်သုံးမျိုးနှင့် White Balance စနစ်များအား ကိုယ့်စိတ်ကြိုက် ချိန်ညှိအသုံးပြု နိုင်မည်ဖြစ်သော Expert Mode အစရှိသော စနစ်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

R5 တွင် အသုံးပြုထားသော Color OS Version မှာ V2.0.1i ဖြစ်ပြီး ယင်သို့ ကင်မရာ စနစ်များ တိုးမြှင့်လာနိုင်ခြင်းမှာ Color OS ပေါ်တွင်လည်း အခြေခံလျက်ရှိကြောင်း OPPO မှတာဝန်ရှိသူက ပြောသည်။ ကင်မရာအား အသုံးပြုရာတွင် ဖုန်း၏ Screen ကိုဖွင့်ရန်မလိုဘဲ Screen ပိတ်လျက်အတိုင်းပင် ဓာတ်ပုံများအား ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့ပြင် သီချင်းနားထောင်နေခြင်း၊ ရုပ်ရှင်ကြည့်နေခြင်း အစရှိသော လုပ်ဆောင်ချက်များအား ပြုလုပ်နေချိန်တွင်ပင် ကင်မရာအား ဖွင့်ရန်မလိုအပ်ပဲ ဖုန်း၏ အသံအတိုး အကျယ် Volume ခလုတ်ဖြင့် ဓာတ်ပုံများအား ဆက်တိုက်ရိုက် ကူးနေနိုင်မည် ဖြစ်ကြောင်း သိရသည်။ Colorful Night ဆိုသော စနစ်မှာလည်း အလင်းအားနည်း သောနေရာများတွင် ဓာတ်ပုံရိုက်ပါက Flash ကိုအသုံးပြုရန် မလိုဘဲ ကင်မရာမှ အလင်းနှုန်းအား ကောင်းစွာသိရှိနိုင်ပြီး ကောင်းမွန်သော ဓာတ်ပုံများအား ဖန်တီးပေးနိုင်မည် ဖြစ်သည့်အပြင် မှောင်နေသော နေရာများတွင် ဓာတ်ပုံရိုက်ချိန်၌ DSLR ကင်မရာများတွင် ပါဝင်သော Long Exposure ကဲ့သို့ စနစ်ဖြစ်သော ကင်မရာ၏ Sutter အား စက္ကန့် အချိန်အပိုင်း အခြားဖြင့် ဖွင့်ထားကာ အလင်းနှုန်းကို ရယူနိုင်သည့် Slow Shutter စနစ်လည်း ပါဝင်လာမည်ဖြစ်သည်။

အဆိုပါ စနစ်များမှာ R5 တွင် တိုးမြှင့်ပါဝင် လာမည်ဖြစ်သော ကင်မရာ စနစ်များဖြစ်သည်။ ထို့ပြင် R5 မှာ ပါးလွှာခြင်းကြောင့် ဖုန်းအားကွေးသွားခြင်း မရှိစေရန်အတွက် ကောင်းမွန်သော Stainless Steel ကိုယ်ထည်ဖြင့် ပြုလုပ်ဖန်တီး ပေးထားကြောင်း သိရသည်။