Windows 10 အတွက် web browser သစ်တစ်မျိုးအား Microsoft ဖန်တီးနေဟုဆို

curt_schilling.jpg

Microsoft သည် code အမည် Spartan ဟုခေါ်သည့် web browser သစ်တစ်မျိုးကို လုပ်ဆောင်လျက်ရှိပြီး ၎င်းသည် Windows 10 ကို ဖြန့်ချိသည့်အခါတွင် Internet Explorer နေရာ၌ တရားဝင် အစားထိုးပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ZDNet ကမူ အဆိုပါ web browser သစ်သည် Internet Explorer 12 မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်အရ Microsoft သည် Chrome နှင့် Firefox ကဲ့သို့သော အသွင်အပြင်နှင့် ခံစားမှုမျိုး ရရှိနိုင်သည့် web browser သစ်ကို စတင်လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကုမ္ပဏီအနေဖြင့် လက်ရှိ ဝက်ဘ်နည်းပညာကိုသာ ဆက်လက်အသုံးပြုဖွယ်ရှိကြောင်း သိရသည်။ Microsoft ၏ web browser သစ်သည် Chakra JavaScript engine နှင့် Trident rendering engine တို့ကို ဆက်လက် အသုံးပြုဖွယ်ရှိပြီး Apple ၏ Safari တွင် အသုံးပြုထားသော WebKit ထံသို့ ချက်ချင်း ပြောင်းလဲအသုံးဖွယ်မရှိကြောင်း ဆိုသည်။ Google ကဲ့သို့ အခြားသော ပြိုင်ဘက်များကမူ WebKit ကို ပြောင်းလဲအသုံးပြုထားပြီး ၎င်းတို့၏ browser များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကွဲပြားခြားနားသော engine များကို ဖန်တီးခဲ့ကြသည်။

Microsoft သည် web browser သစ်ကို ဖန်တီးနေသော်လည်း Windows 10 ၏ backward compatibility အတွက် IE 11 ကို ဆက်လက်ထည့်သွင်းပေးဖွယ်ရှိကြောင်း ZDNet က ပြောကြားခဲ့သည်။ Microsoft သည် Windows 10 မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၂၁ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ထိုအချိန်မှသာ tablet များနှင့် ဖုန်းများတွင် အသုံးပြုနိုင်မည့် Windows 10 ၏ အစီအစဉ်များနှင့် feature များကို သိရှိနိုင်မည် ဖြစ်သည်။

Ref: The Verge