G-Pad mini

3G-------------------------Tablet-phone-.jpg

G-Five အမှတ်တံဆိပ် 3G စနစ် အသုံးပြုနိုင်သော Tablet phone G-Pad mini ဖြစ်သည်။ မျက်နှာပြင် အကျယ် ၇.၈၅ လက်မရှိပြီး HD အရည်အသွေး 1024 x 768 Resolution နှင့် ဖြစ်သည်။ GSM (သို့) WCDMA ကွန်ရက်တွင်သုံးနိုင်ပြီး 3G စနစ်ပါ အသုံးပြုနိုင်သည့်အတွက် Ooredoo SIM ကတ်ကိုပါ ထည့်သုံးနိုင်မည် ဖြစ်သည်။ Quad Core 1.3 GHz CPU ကို အသုံးပြုထားပြီး Android version 4.4 KitKat OS နှင့် ဖြစ်သည်။ Wireless  စနစ်ကောင်းမွန်ပြီး Bluetooth version 4.0 ဖြစ်သည်။ Social media မျိုးစုံ အသုံးပြုနိုင်ပြီး Touch စနစ်ပိုင်း လျင်မြန်ကောင်းမွန် သည်။ RAM 1GB နှင့်ဖြစ်ပြီး Internal Storage memory 8 GB ပါဝင်သည်။ Internal Storage မလုံ လောက်ပါက Micro SD ကတ်ဖြင့် 32 GB အထိ ထပ်တိုး အသုံးပြုနိုင်မည် ဖြစ် သည်။  နောက်ကျောဘက်အခြမ်းတွင် 5 MP ရှိသည့်ကင်မရာပါဝင်ပြီး စကရင်ဘက်အခြမ်းတွင် 2.0 MP ရှိသည့် ကင်မရာပါဝင်သည်။ ကြာရှည်ခံ 4200mAh ရှိသော ဓာတ်ခဲနှင့် ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၁၅၀,၀၀၀ ဖြစ်ပြီး Mobile King ဖုန်း – ၅၄၂၀၂၀ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။