Cantata Music Player ကို Ubuntu OS တွင် ထည့်သွင်းခြင်း

cantata-playing.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ Ubuntu OS ပေါ်မှာပုံမှန် အသုံးပြုနေကျ Music Player တွေကို အသုံးမပြုချင်တော့တဲ့ အခါမှာဘဲဖြစ်ဖြစ်၊ Music Player မရှိသူတွေ Music Player ကိုထည့်သွင်းအသုံးပြုချင်တဲ့ အခါမှာဘဲ ဖြစ်ဖြစ် Cantata ဆိုတဲ့ Music Player ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Cantata Music Player ကို ထည့်သွင်း အသုံးပြုဖို့အ တွက် အောက်ဖော်ပြပါ နည်းလမ်း အတိုင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Cantata ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက်ဆိုရင် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေ ကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-getupgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

 နောက်တစ်ဆင့်ကတော့ Cantata  ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Com-mand တွေကတော့-

sudo add-apt-repository ppa:ubuntuhandbook1/cantata

sudo apt-get update

sudo apt-get install mpd cantata စတာတွေပဲဖြစ်ပါတယ်။

Cantata Music Player ဟာ MPD (Music Player Daemon) ဆိုတဲ့ Open Source Music Server ကိုမှီခိုပြီး အလုပ်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သီချင်းတွေကို ရှာဖွေမယ်ဆိုရင် ကွန်နက်ရှင် လိုအပ်မှာဖြစ်ပါတယ်။ Cantata ဟာအသံဖိုင် Format အများအပြားကို အထောက်အပံ့ ပေးထားပါတယ်။ Ogg, MP3, MP4, AAC, FLAC အစရှိတဲ့ အသံဖိုင်တွေအပြင် အခြားသော အသံဖိုင် အများအပြားကိုလည်း အထောက်အပံ့ပေးနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။